Tuesday, May 22, 2012

ကျွန်တော်၊ နာနတ်သီးနှင့်

ကျွန်တော်၊ နာနတ်သီးနှင့်

သစ်ကပ်မှို







ကလေးမြို့ မှာ နေခဲ့တုန်းကအဖြစ်အပျက်လေးတစ်ခုပါ။ ကျွန်တော်တို့အဖွဲ့ က ကလေးမြို့ ကနေ ဟားခါးလမ်းအတိုင်း သိုင်းငင်းအထိ ကြိုးဆွဲ ဖို့တာဝန်ကျပါတယ်... အဲဒီတုန်းက ကျနော့်သူငယ်ချင်းက လုပ်ငန်းအဖွဲ့နဲ့ပါသွားပြီး ကျနော်က ကလေးမြို့ မှာ အထိုင်အဖြစ်နဲ့ကျန်ခဲ့ပါတယ်. ဒါပေမယ့် တစ်ပတ်တစ်ခါတော့ သူတို့ဆီတက်ရတယ်ခင်ဗျ... လုပ်ငန်းပြီးစီးမှုနဲ့ သူတို့အတွက် ရိက္ခာ၊ ပိုက်ဆံ အစရှိသဖြင့် ပို့ပေးဖို့ပေါ့ဗျာ... မိုးဥတုရဲ့ နေ့တစ်နေ့ပေါ့... လုပ်ငန်းအဖွဲ့ စခန်းချတာက ကလေးမြို့ ကနေအတက် ၁၃ မိုင်လို့လဲခေါ်ပါတယ်... အများစုသိကြတာတော့ ရှုခင်းသာပေါ့ဗျာ... အဲဒီကို လုပ်ငန်းပြီးစီးမှုယူဖို့တက်သွားခဲ့တယ်...

ဟိုရောက်တော့ သူငယ်ချင်းနဲ့တွေ့ အလုပ်ကိစ္စလုပ်... ကိုယ့်အဖွဲ့ သားတွေနဲ့စကားစမြည်ပြော ရင်းနဲ့ ညနေစာချက်နေတဲ့ နေရာရောက်သွား တယ်... ဘာတွေချက်လဲဘာညာမေးရင်းနဲ့ ကြည့်လိုက်တော့ ... လားလား... မှိုတွေဗျာ... ဘာမှိုလဲတော့မသိဘူးချက်နေတာတွေ့ရတယ်...
ကျနော်ကလဲ မှိုဆိုရင် အကြိုက်သားလား... ဟင်းကတော့မိုက်မယ်ဗျာ... ညနေစာတောင်စားသွားမှထင်တယ်... ဆိုပြီး ပြောတော့ ထမင်း
ချက်နေတဲ့တပည့်လေးက ဆရာစားချင်စားသွားပါ... ဒီမှာတော့ ပိုချက်ထားပါတယ်... ဆိုပြီးပြောတယ်... ကျနော်လဲ ငါကအစားကြီးတယ်နော်... လို့နောက်ခဲ့ပြီး လုပ်ငန်း လုပ်နေတဲ့နေရာတွေ လိုက်ကြည့်ပါတယ်... သူငယ်ချင်းနဲ့ ညှိုနှိုင်းပြောဆိုပြီး တဲထဲကို ပြန်ရောက်တော့ တပည့်တွေက နာနတ်သီးနဲ့ဧည့်ခံပါတယ်... မိုးတွင်းဆိုတော့ နာနတ်သီးပေါသားလား... နာနတ်သီးစားနေတုန်း ထမင်းချက်တဲ့ တပည့်လေးရောက်လြာ့ပီးတော့ ခုနက သူချက်နေတဲ့မှိုဟင်းတွေကို လာချပေးပါတယ်... ဆရာ မှိုစားပါဦးတဲ့... ငရုတ်သီး  တွေထည့်ထားတာလည်းရဲနေတာပဲ... ကြည့်ရင်းနဲ့ တောင်သွားရည်ယိုချင်စရာပေါ့... အဲဒါနဲ့ဘာမှိုလဲမေး
ကြည့်တော့  သစ်ကပ်မှိုပါ  စားလို့ရပါတယ်ဆိုတာနဲ့  မြည်းကြည့်မယ်လို့စဉ်းစားတုန်း... လုပ်ငန်းအဖွဲ့မှာဆေးမှူးအဖြစ်လိုက်လာတဲ့ ဆရာ က... စားပါဆရာရယ်... ကျွန်တော်တောင်ခုနကမှနာနတ်သီးတွေ စားထားတာအများကြီး အခု မှိုထပ်စားနေတာ... ဖြစ်ရင်ကျနော် အရင်ဖြစ်မှာပါဆရာရယ်ဆိုပြီးတော့ရယ်ပြီးပြောတယ်...
မောင်ဝက်တို့နဂိုကတည်းကစားချင်နေတာ... ဆေးမှူးကရှေ့ ကစပြီးစားပြတော့ ဘာရမလဲ... စားသည်ပေါ့... စားလို့လဲကောင်းလိုက် တာဗျာ... စားချင်နေတာရော... ဆာတာရောပါတာပေါ့... စားလို့ပြီးတဲ့အထိအေးဆေးပဲဗျ... စားသောက်ပြီးတော့ သူငယ်ချင်းနဲ့ အဖွဲ့  ကိုနှုတ်ဆက်ပြီး ကလေးမြို့ ကိုပြန်ဆင်းခဲ့တယ်... အဲ... ပြသနာက နာရီပိုင်းအတွင်းထ, တော့တာပဲ...
အဆောင်ကိုပြန်ရောက်ပြီး တစ်နာရီလောက်ပဲကြာမယ်... ဗိုက်တွေအောင့်ပြီး နာလာတာဗျာ... ပျို့ လဲပျို့ ... အဲဒါနဲ့ ဘေစင်ကိုသွားပြီး  ခေါင်းစိုက်ချလိုက်တာနဲ့စားထားသမျှအကုန်ထွက်ကုန်ရောပဲ... မျက်နှာကြီးတစ်ခုလုံး နီရဲ ထူုအမ်းလာတာ... အစကတော့ဘာဖြစ်ပါလိမ့် ဆိုပြီးအံသြနေတာ... နောက်တော့ မှိုစားထားတာကိုသတိသွားရတယ်... ဖြစ်ချင်တော့... တပည့်ကျော်က လည်းညနေဆိုတော့အလည်လွန်နေတာနဲ့ အဆောင်မှာ တစ်ကိုယ်တော်ဥသြဆွဲနေတာ... ခဏနေလိုက် အန်လိုက်... ပလုပ်ကျင်းလိုက်  ပြန်အန်လိုက်နဲ့... လေးငါးခါလောက် အန်ပြီးတော့ ဗိုက်တွေ အ၇မ်းနာလာတယ်... ဘာလုပ်လို့လုပ်ရမှန်းလဲမသိဘူး... နောက်ဆုံးတစ်  ခေါက်အန်လို့အပြီးမှာ လူကအန်စရာလဲမကျန်တော့... ဗိုက်တွေလဲနာတာနဲ့ မှေးနေလိုက်တာ... ကိုယ်တွေတောင်ချက်ချင်းပူတက်လာ တာပဲ... နောက်ထပ်မအန်တော့... ရေလေးနည်းနည်းသောက်ပြီးအိပ်လိုက်တာ... မနက်မိုးလင်းမှနိုးတော့တယ်... နိုးလာတော့ မျက်နှာ  ကြီးထူအမ်းနေတာ... ကိုယ်ကတော့မပူတော့ဘူး... တော်သေးတာပေါ့ငါဘာမှမဖြစ်တာလို့... ဆိုပြီး ဖြေသိမ့်ရတယ်... ရုံးရောက်တော့မှ... တောင်ပေါ်က အဖွဲ့ ဘယ်လိုနေလဲမသိဘူးဆိုပြီး စက်နဲ့လှမ်းမေးတော့... ဆေးဆရာလဲ ညက အန်တယ်တဲ့ဗျာ... ကျန်တဲ့လူတွေတော့ဘာမှမဖြစ်ပါဘူးတဲ့... ကဲ... စားချင်ဦးဟဲ့ နာနတ်သီးနဲ့ မှို....

ရှောင်နိုင်ရှားနိုင်ကြပါစေ...

မရင့်ကျက်သေးတဲ့

ဝက်ကလေး(၂၆-၄-၂၀၁၁)

0 comments:

Post a Comment