Friday, June 29, 2012

ကျွန်တော်နှင့်ရတနာပုံဖန်ဆဌမအကြိမ်တွေ့ဆုံပွဲ

ကျွန်တော်နှင့်ရတနာပုံဖန်


ဒီတစ်ခါတော့လွဲပြီထင့်...

လာမည့် ၈ ရက်နေ့တွင် ရတနာပုံဖန်ကလပ်အဖွဲ့ ဝင်များ၏ ဆဌမအကြိမ်တွေ့ဆုံပွဲ ရှိသည်ဟု ၀က်ကလေးသိထားသည်။ စတုတ္ထအကြိမ် တွေ့ဆုံပွဲကတည်းက
ဖိုရမ်မန်ဘာများနှင့် ရင်းနှီးခဲ့သည့် ကျွန်တော်မောင်ဝက်ကလေး ပဉ္စမအကြိမ်နှင့် ဖိုရမ် (၂) နှစ်ပြည့်ပွဲများကို တက်ရောက်ခဲ့ပြီး ယခုပြုလုပ်မည့် ဆဌမအကြိမ်
တွေ့ဆုံပွဲအား တက်ရောက်ရန် စိတ်အားထက်သန်နေစဉ်... မထင်မှတ်ထားသည့်အကြောင်းအရာတစ်ခုက ပေါ်ပေါက်လာခဲ့သည်။

ထိုအကြောင်းအရာကား...

ယောက္ခမကြီးက မောင်ဝက်ကလေးအားတွေ့ဆုံလိုပါသည်ဟု ပျိုမဒီချစ်သက်ထားဆီမှသတင်းရရှိသည့်သကာလ တွေ့ဆုံရမည့်ရက်ကို တွက်မျှော်လေသော်...
ယခုတစ်ပတ်တော့ဖြင့်မဖြစ်ချေပြီ။ နောက်တစ်ပတ်မှသာအဆင်ပြေမည်ဟုတ်ချစ်သူသက်ထားအားအကြောင်းပြန်ရလေသည်။ တွေ့ဆုံပွဲကိုမည်သို့လုပ်မည်နည်း
ဟု ပျိုမဒီမှမေးလာရသော်... ၀က်ကလေးတို့ဝမ်းနည်းသံဖြင့်... လက်လွှတ်ရတော့မပေါ့ ဟုသာပြန်ဖြေနိုင်ခဲ့သည်။ တွေ့ဆုံရန်သွားရောက်
ရမည့်နေရာကား... ရန်ကုန်မြို့ ပင်ဖြစ်တော့သည်။

ရင်ခုန်နေပါသည်...

ကျွန်တော်မောင်ဝက်ကလေး ရင်တွေခုန်နေပါသည်။ ယောက္ခမကြီးက ဘာပြောမည်မသိ။ တွေ့ဆုံပွဲမတက်ရ၍လည်းဝမ်းနည်းသည်။ သို့သော် ဒီတစ်ကြိမ်အခွင့်အရေး
သည် ကျွန်တော်မောင်ဝက်ကလေးအတွက် တစ်ဘ၀စာဖြစ်သဖြင့် မန်ဘာသူငယ်ချင်းများ နားလည်ပေးကြမည်ဟုထင်ပါသည်။ သူငယ်ချင်းများကိုလည်းအားနာသည်။
ဘ၀အရေးအတွက်လည်းရင်ခုန်သည်။

တွေ့ဆုံပွဲ မတက်ဖြစ်ပေမယ့် တွေ့ဆုံပွဲမှပုံများကို ဝေေ၀ဆာဆာကြည့်ချင်ပါသည်ခင်ဗျာ။ ပွဲပြီးရင်တော့တင်ပေးကြပါဦးနော။ ဂိမ်းကစားတာလေးတွေလဲ ကြည့်ချင်တယ်။
မဆုံဖြစ်တဲ့သူငယ်ချင်းတွေနဲ့လည်းဆုံချင်ပါသေးသည်။




စတုတ္ထအကြိမ်တွေ့ဆုံပွဲ




                                 ဂိမ်းကစားကြသည့် မန်ဘာများ(ကျွန်တော်တို့အပြာအသင်း)                                   


 ပဉ္စမအကြိမ်တွေ့ဆုံပွဲ



ပဉ္စမအကြိမ်တွေ့ဆုံပွဲမှဂိမ်းကစားကြသည့် မန်ဘာများ (ဒီတစ်ခါအစိမ်းအသင်း)


*********

ဘာပဲပြောပြော... ကျွန်တော့်အတွက်တော့ အမှတ်တရတွေဖြစ်ခဲ့ပါသည်။ ရတနာပုံဘောလုံးအသင်းသည် ကျွန်တော့်အတွက် စိတ်လှုပ်ရှားမှုများနှင့်ပျော်စရာများဖန်တီးပေးသကဲ့သို့၊ အသင်းသည်လည်း ပျော်စရာ၊ စိတ်လှုပ်ရှားစရာနှင့် ခင်မင်မှုများကို ပေးခဲ့ပါသည်။ ရတနာပုံအသင်းနှင့် စတင်ထိတွေ့ခွင့်ပေးခဲ့သည့် 

မန်ဘာ ခရမ်းပြာ ကိုလည်းအထူးကျေးဇူးတင်ပါသည်။ 

*********





ပျော်ပျော်ရွှင်ရွှင်ဖြင့်တွေ့ဆုံပွဲကြီးအောင်မြင်စွာကျင်းပနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်ခင်ဗျာ။

မရင့်ကျက်သေးတဲ့

ဝက်ကလေး
Read More ->>