ဘာလဲဟဲ့ကိုရီးယား.........
တောင်သွားလဲကိုရီးယား... မြောက်သွားလဲကိုရီးယား...
ပုဂံဘုရားကမှလက်ညှိုးထိုးရင်လွဲဦးမယ်... ကိုရီးယားက ဘယ်နားမှကိုမလွတ်ဘူး...
ထားပါတော့... သူတို့အနေ၊ သူတို့စရိုက်... သူတို့အလှအပကိုလက်ခံကြတာ...
ခက်တာက ဘယ်ကားကြည့်
ကြည့်... တစ်လင်ကွာ နှစ်လင်ယူ... သူ့လင်ငါလု သူ့မယားငါလုနဲ့ ဇာတ်အိမ်လေးကတော့လှပါရဲ့ ... ကိုယ့်ယဉ်ကျေးမှုနဲ့ပြန်ယှဉ်တော့...
လားလားမှမကိုက်တာတွေ...
ဘာလဲဟဲ့ဆင်ဆာ...
သီချင်းခွေလေးထွက်လာပါတယ်...
ဒူးအောက်နားလောက်က ခြေသလုံးပေါ်တာကို
မရမကဖျက်နေတယ်... ယောကျာ်းလေးဆံပင်ရှည်ထားတာကို မရမကဖျက်တယ်...
နားကပ်ပန်တာကိုဖျက်တယ်... ထားလိုက်တော့... မြန်မာ့ရိုးရာယဉ်ကျေးမှုကို
ဆန့်ကျင်ဖီလာလို့ဖျက်တာ... လက်ခံတယ်...
တစ်နေ့က နှစ်ပါးခွင်အခွေလေးကြည့်မိပါတယ်...
နာမည်ကဘာတဲ့... ဇောက်ထိုးသဘင်ဆိုလား... အပြင်မှာခေါ်ကြတာ... မင်းသားတွေက
မင်းသမီးတွေလုပ်ပြီး.... မင်းသမီးတွေက လူရွှင်တော်လုပ်ကြတာ... ရယ်လဲရယ်ရပါရဲ
့... ကောင်းလဲကောင်းပါရဲ့ .... ခက်တာက မင်းသားတွေမင်းသမီးလိုဝတ်ထားတော့...
ထဘီကွဲတဲ့နေရာတွေမှာ ခြေသလုံးပေါ်တယ်...
မိန်းကလေးလဲမဟုတ်ဘူးဗျာ... ယောကျာ်းလေးတွေ... နာမည်ကြီးမင်းသားတွေ...
ရှင်းရှင်းပြောရရင် ယောကျာ်းခြေသလုံးတွေဗျာ... အဲဒါကိုဆင်ဆာလိုက်ဖျက်တယ်...
သွားဘီ.... စိတ်တောင်ပျက်တယ်...
ဆင်ဆာက ဘာကိုအဓိကထားဖြတ်တာလဲ????
မြန်မာဇာတ်ကားတွေလဲ
ကိုရီးယားအတုခိုးလို့ မိန်းကလေးတွေ ရည်းစားလုနေကြပြီ... လင်လုနေကြပြီ...
(ရိုင်းရိုင်းပြောတာ) ၊ ကိုရီးယားမှာတော့သူ့ယဉ်ကျေးမှုနဲ့ သူရှိလို့
အဲလိုဇာတ်ကားတွေရိုက်တယ်... မြန်မာပြည်မှာလဲ အဲဒီလိုကားတွေကြည့်ပြီး...
အဲဒီယဉ်ကျေးမှုတွေစိမ့်ဝင်နေတာမသိဘးလား.... ခြေသလုံးပေါ်တာဖျက်တာနဲ့
ရည်းစားလုကြတာ... ဘယ်ဟာကိုပိုဖျက်သင့်လဲ...
စဉ်းစားကြည့်ရင်
သိသာတယ်... ကိုရီးယားဇာတ်ကားတွေစ ပြ ကာစက သိပ်မသိသာဘူး...
နဲနဲခေတ်စားလာတော့
လူတွေကအ၀တ်အစားဒီဇိုင်းကိုလိုက်ဝတ်ကြတယ်... နောက်တော့အစားအသောက်... နောက်တော့
အပြင်အဆင်... နောက်ပိုင်း... နောက်ပိုင်း...
တစ်လင်တစ်မယားစနစ်ဆိုတာရော... ရှိပါဦးတော့မလားဗျာ... ရင်လေးမိပါရဲ့ ...
အ၀တ်အစားဝတ်တာ... လက်ခံလို့ရသေးတယ်... ခေတ်ရေစီးကြောင်း...။
အစားအသောက်....ရသေးတယ်...စားစမ်း... ။ စိတ်ဓါတ်တွေပါကူးလာရင်တော့...
သွားပြီ...
အတုမခိုးသင့်တဲ့အရာတွေကိုအတုခိုးဖို့တွန်းအားပေးသလိုဖြစ်နေတယ်...
ဒါတွေကိုပဲ ထပ်ခါထပ်ခါပြ... မြန်မာဇာတ်ကားတွေမှာလဲ ဇာတ်အိမ်ကိုကော်ပီကူး...
ဒါတွေကျတော့ဆင်ဆာချပေးတယ်... မော်ဒယ်မိန်းကလေးတွေ ခြေသလုံးပေါ်တာကျတော့
လက်မခံဘူး...
မိန်းကလေးမို့အသာထားဦး.. ယောကျာ်းလေးကမိန်းကလေးလိုဝတ်လို့ ခြေသလုံးပေါ်တာတောင်လိုက်ဖျက်နေတယ်ဆိုတော့...
အသင်လောက... ကျွန်ုပ်မည်သို့ စဉ်းစားရမည်၊ နားလည်ရမည်၊ လက်ခံရမည်ကိုမသိတော့ပါ...
သြော်... ဆင်ဆာ... ဆင်ဆာ...
(ဥာဏ်ရည်မမီလို့အကြံဥာဏ်မပြုတော့ဘူး...ပြင်သင့်တယ်ထင်ရင်ကိုယ့်ဘာကိုယ်ပဲပြင်ကြတော့...
မြင်တာတွေချည်းပဲချရေးလိုက်တာ... မှားရင်လဲပြောဗျာ... )
မရင့်ကျက်သေးတဲ့
ဝက်ကလေး(၂၅-၇-၂၀၁၁)