Friday, September 7, 2012

မိုးကိုခြုံထားတဲ့အိုအေစစ်



















ငါ့အလွမ်းတွေမျိုချထားခဲ့သမျှ
မိုးအဖြစ်နဲ့အန်ချခဲ့တယ်...
ဒါတောင်အလွမ်းတစ်ချို့ ကမြူတွေဆိုင်းတုန်း
အပြိုင်းအရိုင်းနဲ့ချီတက်တာတောင်
တို့နှစ်ယောက်... မဆုံနိုင်သေးဘူး...

ဟိုတစ်နေ့ကရွှဲနေတဲ့ငါ့ရင်ဘတ်
ခုတော့အဖူးသစ်တွေတောင်ထွက်... လို့
ငါစွန့်ပစ်ခဲ့တဲ့ မျက်နှာအဟောင်းကြီးကို
အတိတ်က ယူစားရင်းနဲ့ပြောတယ်
“မင်းကတော်တော်ခါးတယ်”

ရေဗူးလဲမပေါက်ဘူး၊ ရေလဲမပါဘူး
ဘယ်သူမှလဲမသောက်ဘူး
ငါလျှောက်ခဲ့ရတာများလို့ ကန္တာရတွေတောင်ဆိုညည်း
မင်းဆီကအပင် အမြစ်တောင်မြင်ရမှာမဟုတ်ဘူးတဲ့
ဂရုမစိုက်ဘူး

ပုန်းနှင့်တော့လေပြေရေ...
သီအိုရီအရ မင်းနဲ့တွေ့ရဖို့နီးနေပြီ
သူ့အလှည့်ကိုယ့်အလှည့်ပေါ့...
ငါ့ရင်တွေနွမ်းခဲ့သမျှ...
ဒီတစ်ခါတော့ “လန်း” ခွင့်ပြုပါ...

ဝက်ကလေး (၇-၉-၂၀၁၂)
Read More ->>