Thursday, July 12, 2012

အဖြည့်ခံ







             
လှုပ်မနှိုးလိုက်ပါနဲ့
ငါရိုးရိုးသားသားလေးအိပ်ပျော်နေခဲ့တာပါ
ဝိုးတ၀ါးအတွေးနဲ့
ငါ့ဘ၀ကိုမဖြတ်သန်းချင်ဘူး
လန်းဆန်းတဲ့ပန်းမဟုတ်တောင်
ငါမြတ်မြတ်နိုးနိုးနမ်းချင်ခဲ့တာပါ...

ယဲ့ယဲ့လေးပဲကျန်တဲ့
ငါ့နှလုံးသားကို
သဲ့သဲ့လေးခပ်ယူသွား
င့ါရဲ့ သံစဉ်တွေတုန်...ရီ... အက်... ကွဲ...

ဝိုင်ချိုချိုတစ်ခွက်ရဲ့ အောက်မှာ
ငါမယစ်မူးခဲ့ပါဘူး
အရူးထတာမဟုတ်ခဲ့ပေမယ့်
ဆူးကြားထဲကနှင်းဆီကိုပဲ လို... ချင်... ခဲ့...

သက်သေပြုရမယ်...တဲ့
မယုံကြည်မှတော့ထားခဲ့လိုက်
ငါ့ရင်ဘတ်တွေကတော့အရင်လို
ပြင်း... ရှ... လျှက်


ဝက်ကလေး (11-7-2012)
Read More ->>