Tuesday, May 29, 2012

အမှတ်တရ

အမှတ်တရ



မွေးဖွားခြင်းကစ, ခဲ့လို့...
ကြီးပြင်းခဲ့ပြီ...
ကျေးဇူးမမေ့နိုင်...
(၂၅) နှစ်တိုင်...


လူ့ဘ၀ရဲ့ သုံးပုံတစ်ပုံ
ပညာမစုံသေးပေမယ့်
ရှာဖွေဆဲ...
ရုန်းကန်ဆဲ...
လှုပ်ရှားဆဲ...


လက်တွဲမယ့်လူ
အတူပါတယ်...
ပျော်စရာတွေရယ်...
ကွယ်ပျောက်မသွားဖို့ကြိုးစားမယ်...


မိဘ၊ မောင်နှမ
ချစ်သူ၊ သူငယ်ချင်း
အပေါင်းအသင်း၊ ရောင်းရင်း
လက်တွဲမပျက်၊ အတူတွဲလျှက်
ဆက်လျှောက်လိုသည်...
ယနေ့မှစ နှစ်တစ်ရာဆီ...


ညလေးမစ်... (၂၅) နှစ်ပြည့်မွေးနေ့အမှတ်တရ...


ညလေးမစ် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်သော၊ ခင်သော၊
တွယ်တာရပါသောသူများနှင့်အတူ ဘ၀တစ်လျှောက်လုံးကို ပျော်ရွှင်သုခများစွာဖြင့်
လျှောက်လှမ်းကာ ခလုတ်မထိ၊ ဆူးမငြိဘဲ ဖြတ်သန်းနိုင်ပါစေ...


ဝက်(18-9-2011)
Read More ->>

Monday, May 28, 2012

ပြန်ကြည့်စရာ

ပြန်ကြည့်စရာ













လွန်ခဲ့လေပြီလား...
လည်ပြန်ကြည့်စရာတွေချည်းပဲ...
လူ့လောကကိုး...

မျက်လုံးလဲတစ်စုံ
ခြေထောက်လဲနှစ်ဖက်
လက်လဲနှစ်ဖက်
အချစ်ရော...

ရောချတတ်တဲ့လူတွေထဲမှာ
ငါမပါခဲ့ပါဘူး
မျက်လုံးစိမ်းတွေရဲ့ အောက်မှာ
ရူးရူးမူးမူးနဲ့
ငါရပ်တည်ခဲ့တာပါ

မထူးခြားခဲ့ပေမယ့်
ပြန်စဉ်းစားတိုင်းရင်နင့်တယ်...
ခင်မင်တာကိုအလွဲသုံးစားမလုပ်ချင်ဘူး
ရူးခဲ့သူ...

ဝက်ပေါက်(17-9-2011) 0100 နာရီ
Read More ->>

Wednesday, May 23, 2012

ဘာမှဟုတ်ဝူး

ဘာမှဟုတ်ဝူး






နေသာနေတုန်းလေး...
ထိုင်ငေးမိတဲ့ခဏ...
မိုးစက်တို့ကျ
ထပြေးဖို့အရေး
ပုဆိုးကျွတ်နေသေး
မိုးနှောင်းတဲ့မန္တလေး...

ဝက် ကလေး(၁၀-၉-၂၀၁၁)
Read More ->>

ကိုရီးယားဇာတ်ကား၊

ကိုရီးယားဇာတ်ကား၊

မြန်မာကားများ/

သီချင်းခွေများနဲ့ ဆင်ဆာ...





ဘာလဲဟဲ့ကိုရီးယား.........

တောင်သွားလဲကိုရီးယား... မြောက်သွားလဲကိုရီးယား... ပုဂံဘုရားကမှလက်ညှိုးထိုးရင်လွဲဦးမယ်... ကိုရီးယားက ဘယ်နားမှကိုမလွတ်ဘူး... ထားပါတော့... သူတို့အနေ၊ သူတို့စရိုက်... သူတို့အလှအပကိုလက်ခံကြတာ... ခက်တာက ဘယ်ကားကြည့်
ကြည့်... တစ်လင်ကွာ နှစ်လင်ယူ... သူ့လင်ငါလု သူ့မယားငါလုနဲ့  ဇာတ်အိမ်လေးကတော့လှပါရဲ့ ... ကိုယ့်ယဉ်ကျေးမှုနဲ့ပြန်ယှဉ်တော့...
လားလားမှမကိုက်တာတွေ...

ဘာလဲဟဲ့ဆင်ဆာ... 

သီချင်းခွေလေးထွက်လာပါတယ်... ဒူးအောက်နားလောက်က ခြေသလုံးပေါ်တာကို မရမကဖျက်နေတယ်... ယောကျာ်းလေးဆံပင်ရှည်ထားတာကို မရမကဖျက်တယ်... နားကပ်ပန်တာကိုဖျက်တယ်... ထားလိုက်တော့... မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆန့်ကျင်ဖီလာလို့ဖျက်တာ... လက်ခံတယ်... တစ်နေ့က နှစ်ပါးခွင်အခွေလေးကြည့်မိပါတယ်... နာမည်ကဘာတဲ့... ဇောက်ထိုးသဘင်ဆိုလား... အပြင်မှာခေါ်ကြတာ... မင်းသားတွေက မင်းသမီးတွေလုပ်ပြီး.... မင်းသမီးတွေက လူရွှင်တော်လုပ်ကြတာ... ရယ်လဲရယ်ရပါရဲ့ ... ကောင်းလဲကောင်းပါရဲ့ .... ခက်တာက မင်းသားတွေမင်းသမီးလိုဝတ်ထားတော့... ထဘီကွဲတဲ့နေရာတွေမှာ ခြေသလုံးပေါ်တယ်... မိန်းကလေးလဲမဟုတ်ဘူးဗျာ... ယောကျာ်းလေးတွေ... နာမည်ကြီးမင်းသားတွေ... ရှင်းရှင်းပြောရရင် ယောကျာ်းခြေသလုံးတွေဗျာ... အဲဒါကိုဆင်ဆာလိုက်ဖျက်တယ်... သွားဘီ.... စိတ်တောင်ပျက်တယ်...

ဆင်ဆာက ဘာကိုအဓိကထားဖြတ်တာလဲ????

မြန်မာဇာတ်ကားတွေလဲ ကိုရီးယားအတုခိုးလို့ မိန်းကလေးတွေ ရည်းစားလုနေကြပြီ... လင်လုနေကြပြီ... (ရိုင်းရိုင်းပြောတာ) ၊ ကိုရီးယားမှာတော့သူ့ယဉ်ကျေးမှုနဲ့ သူရှိလို့ အဲလိုဇာတ်ကားတွေရိုက်တယ်... မြန်မာပြည်မှာလဲ အဲဒီလိုကားတွေကြည့်ပြီး... အဲဒီယဉ်ကျေးမှုတွေစိမ့်ဝင်နေတာမသိဘးလား.... ခြေသလုံးပေါ်တာဖျက်တာနဲ့  ရည်းစားလုကြတာ... ဘယ်ဟာကိုပိုဖျက်သင့်လဲ...
စဉ်းစားကြည့်ရင် သိသာတယ်... ကိုရီးယားဇာတ်ကားတွေစ ပြ ကာစက သိပ်မသိသာဘူး... နဲနဲခေတ်စားလာတော့ လူတွေကအ၀တ်အစားဒီဇိုင်းကိုလိုက်ဝတ်ကြတယ်... နောက်တော့အစားအသောက်... နောက်တော့ အပြင်အဆင်... နောက်ပိုင်း... နောက်ပိုင်း...  တစ်လင်တစ်မယားစနစ်ဆိုတာရော... ရှိပါဦးတော့မလားဗျာ... ရင်လေးမိပါရဲ့ ... အ၀တ်အစားဝတ်တာ... လက်ခံလို့ရသေးတယ်... ခေတ်ရေစီးကြောင်း...။ အစားအသောက်....ရသေးတယ်...စားစမ်း... ။ စိတ်ဓါတ်တွေပါကူးလာရင်တော့... သွားပြီ... အတုမခိုးသင့်တဲ့အရာတွေကိုအတုခိုးဖို့တွန်းအားပေးသလိုဖြစ်နေတယ်... ဒါတွေကိုပဲ ထပ်ခါထပ်ခါပြ... မြန်မာဇာတ်ကားတွေမှာလဲ ဇာတ်အိမ်ကိုကော်ပီကူး... ဒါတွေကျတော့ဆင်ဆာချပေးတယ်... မော်ဒယ်မိန်းကလေးတွေ ခြေသလုံးပေါ်တာကျတော့ လက်မခံဘူး... မိန်းကလေးမို့အသာထားဦး.. ယောကျာ်းလေးကမိန်းကလေးလိုဝတ်လို့ ခြေသလုံးပေါ်တာတောင်လိုက်ဖျက်နေတယ်ဆိုတော့...

အသင်လောက... ကျွန်ုပ်မည်သို့ စဉ်းစားရမည်၊ နားလည်ရမည်၊ လက်ခံရမည်ကိုမသိတော့ပါ...

သြော်... ဆင်ဆာ... ဆင်ဆာ...

(ဥာဏ်ရည်မမီလို့အကြံဥာဏ်မပြုတော့ဘူး...ပြင်သင့်တယ်ထင်ရင်ကိုယ့်ဘာကိုယ်ပဲပြင်ကြတော့... မြင်တာတွေချည်းပဲချရေးလိုက်တာ... မှားရင်လဲပြောဗျာ... )

မရင့်ကျက်သေးတဲ့

ဝက်ကလေး(၂၅-၇-၂၀၁၁)
Read More ->>

Tuesday, May 22, 2012

ထာဝရ...

ထာဝရ...

မျက်နှာများ.....
ဝေရီနေကြ...

မထင်ခဲ့ဘူး
ဒီလိုအဆုံးသတ်ရမယ်လို့
ပျက်သုဉ်းမှုရယ်...
နိမိတ်လေးတောင်မထင်ဟပ်ခဲ့ပါလား...

ငါ့ကိုယ်ငါဘေးချိတ်
ငါ့သမီး၊ ငါ့သား၊ ငါ့မယား
ဘေးကင်းရာသွား...

၃၃ တဲ့...
ကျားပေါက်ရဲ့ သီချင်းမဟုတ်ဘူး...
သူလျှောက်ခဲ့တဲ့လမ်းခရီးမှာ
သာယာမှုတစ်ခုလောက်တော့အလှည့်ပေးသင့်ပါတယ်...
နေချင်တဲ့ဘ၀လေးနဲ့
ပျော်ရွှင်ခွင့်တောင်မရခဲ့ရှာဘူး
ကိုယ်ကျိုးစွန့်ခဲ့သူ...

အများပျော်စေ...
သူ့သွေးတွေနဲ့ရင်းခဲ့တယ်
မိုးရေနဲ့စီးမျောမသွားဘူး...
နှလုံးသားမှာစွန်းထင်ရစ်ပြီ...

ခြောက်ဆယ့်လေးလီမှသည်
ကမ္ဘာမြေပျက်သုံးသည်ထိ...


ဝက်ကလေး(၁၉-၇-၂၀၁၁)
(၆၄) နှစ်မြောက်အာဇာနည်နေ့အားဂုဏ်ပြုလျှက်
Read More ->>

မျှော်လင့်ခြင်း

မျှော်လင့်ခြင်း













အလွမ်းတွေရင်းခဲ့သမျှ
နင်နင်းချဖို့မဟုတ်ခဲ့ဘူး...
ငါ့ကိုယ်ငါချခင်းပေးပါ့မယ်
ကျေးဇူးပြုပြီး
ငါအလွမ်းတွေတော့သိမ်းထားပေးပါ...

ငါ့လက်အကမ်းမှာ
ရှောင်လှမ်းသွားဖို့ကြိုးစားလေရဲ့ ...
ငါနမ်းဖို့ကြိုးစားခဲ့တာမဟုတ်ပါဘူး
မင်းလမ်းပျောက်မှာစိုးလို့ပါ...

ငါပျိုးထောင်ခဲ့တဲ့ပန်း
ငါ့ကိုတောင်နမ်းမသွားရှာဘူး
မရည်စူးပေမယ့်
(အလိုက်တသိ)
နှုတ်ဆက်ခဲ့တာလေးတော့ခံချင်ရဲ့ ...


ဝက်ပေါက် (၅-၇-၂၀၁၁)
Read More ->>

ဝါသနာ

ဝါသနာ






လမ်းများ...
လမ်း...
လေးဖြူ... VCD...
လျှောက်တိုင်းနောက်ပြန်ပြန်ရောက်နေတယ်...

ငါမထင်ထားဘူး...
ရူးသွပ်ခဲ့တာတော့သေချာတယ်...

ဝါသနာ...
တိုက်တွန်းချက်မပါ...
ပကာသနမမက်...
လိုအပ်ချက်တစ်ခုအတွက်
အသက်ပါရင်းတယ်...

အသက် ၁၀၀
ဘာလုပ်မှာလဲ...
ကိုယ့်ခြေထောက်ပေါ်မှကိုယ်မရပ်နိုင်ဘဲ
ထမင်းဆက်မစားချင်ဘူး...

ရူးနေတာလား...
ဟုတ်ကဲ့...
လက်ခံပါတယ်...

ပြေးနေတုန်းပဲ...
လမ်းမဆုံးခဲ့ရင်တောင်
နောက်လူဆက်ပြေးလိမ့်မယ်...
လက်ဆင့်ကမ်းပွဲ...

ဝက်ကလေး (၁၈- ၆-၂၀၁၁)
မှတ်ချက်။ မွေးနေ့အလွန်တစ်ရက်...
Read More ->>

အလွမ်းအပိုင်းအစတစ်ချို့

အလွမ်းအပိုင်းအစတစ်ချို့ 






ငါ့အလွမ်းတို့လက်ဆင့်ကမ်းမည်
အနမ်းတို့ဖြင့်ကြိုယူလော့...

အသက်ပေးချစ်တယ်လို့တော့မပြောဘူး
လိုအပ်ရင် င့ါအသက်ပါနင်ယူသွားလိုက်...
ငါလက်ပိုက်ပြီးနေနေလိုက်မယ်...

အလွမ်းတို့ဖြင့်သီကျူးသည်
ရည်စူးသည့်လမ်းမှာ
ဆူးကြမ်း တို့ကင်းပါရစေ...


ဝက်ကလေး(၂၃-၅-၂၀၁၁)
Read More ->>

ရှေ့သို့

ရှေ့ သို


ငါ့ကိုယ်ငါထမ်းလို့
ငါ့လမ်းငါလျှောက်မယ်...
ဆူးညှောင့်များအဝေးသို့ပျံစေသတည်း...

ငါ့သမိုင်းငါရေးနေသည်...
လက်ရေးမလှရင်နေပါစေ
စာလုံးပေါင်းမှန်ဖို့ပဲငါဂရုစိုက်တယ်

ငါ့ဘ၀ငါတည်ဆောက်နေသည်
အထပ်ဘယ်လောက်မြင့်မယ်ငါမသိ
အောက်ခြေခိုင်ဖို့ပဲငါသိတယ်...

ငါလျှောက်တဲ့လမ်း
အတူမလှမ်းချင်နေပါ
လမ်းမှာမပိတ်ဖို့ပဲ ငါတောင်းပန်တယ်...

ငါလှမ်းမယ့်ပန်း
ဆူးတွေကြမ်းနေပါစေ
ငါ့သွေးနဲ့ဖြန်း ရအောင်နမ်းမယ်...

ဝက်(၂၃-၅-၂၀၁၁)
Read More ->>

ဇော

ဇော













ငါပျံသန်းမလို့ပါပဲ...
မထင်မှတ်ဘဲငါ့အတောင်တစ်ဖက်
ရိုက်ချိုးခံလိုက်ရတယ်...
ခံရခက်ပေမယ့်
မပျံသန်းလိုက်ရတာဘဲရင်နာတယ်...

ရွက်ကျိုးရင် တက်ထိုးလှော်မယ်
တက်ကျိုးရင် လက်ထိုးလှော်မယ်
ငါသွားမှာရေထဲမဟုတ်ဘူး
ဒါပေမယ့်...
လေထဲမှာရအောင်လှော်မယ်...

ဓါးတောင်လဲမရှိဘူး
မီးပင်လယ်လဲမရှိဘူး
ဘ၀ကိုရင်းပြီး
ငါ့ကိုယ်ငါခင်းလျှောက်ရရင်တောင်
မင်းဆီကိုရောက်အောင်လှမ်းမယ်...

ဝက် (23-5-2011)
Read More ->>

အသံမဲ့ ဘာသာစကားတစ်ခွန်း

အသံမဲ့ ဘာသာစကားတစ်ခွန်း



သင်္ကေတတစ်ခု
ဟုတ်တယ်... သင်္ကေတတစ်ခု...

ဟိုးအရင်ကတည်းကရှိခဲ့တဲ့ အသံမဲ့ ဘာသာစကားတစ်ခု...
အဲဒီဘာသာစကားကို အရမ်းနှစ်သက်ခဲ့တယ်...

အပြုံး... ဟုတ်တယ်... အပြုံး...
ငယ်ငယ်လေးကတည်းကပြုံးခဲ့တာ... ကြီးတော့လည်း ပြုံးနေတုန်းပဲ... အမေကတော့ပြောတယ်... နင့်ကိုငယ်ငယ်တုန်းက အိမ်နီးနားချင်းတွေက ပြုံးမောငမောင် လို့တောင်ခေါ်ခဲ့တာတဲ့...  (ခုတော့ ၀က်ပေါက်ဖြစ်နေပီ... :D)

ပြုံးရတာ ဘာမှပင်ပန်းမှုမရှိပါဘူး... (ပင်ပန်းမှုရှိတဲ့အခါလည်းရှိခဲ့တာပေါ့) စိတ်ပျော်ရွှင်နေတဲ့အခါလည်းပြုံးတယ်... စိတ်ညစ် နေရင်တောင်မှ ဒါကြောင့်စိတ်ညစ်ရတာပါလားဆိုတွေးပြီး ပြုံးခဲ့မိသေးတယ်... ပြုံးရတာ မခက်ခဲပါဘူး...  ဒါပေမယ့် ပြုံးပြဖို့ကိုတော့ ၀န်လေးကြတဲ့လူတွေရှိတယ်... မသိတဲ့လူအချင်းချင်းတွေ့ရင် ပထမဆုံးရင်းနှီးမှုရရှိစေတာက “ အပြုံး” တစ်ခု ပါ... ပြုံးပြတဲ့လူတစ်ယောက်ကို ပြန်မဲ့ပြတဲ့လူတွေလဲရှိသေးရဲ့ ... ခင်သည်ဖြစ်စေ... မခင်သည်ဖြစ်စေ... ဒီလူတစ်ယောက်ကို ကိုယ်ကြိုက် သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ... သူပြုံးပြတဲ့အခါ ကိုယ်ပြန်ပြုံး ပြလိုက်တာဟာ... တစ်ဖက်လူကို မေတ္တာထားတယ်...လို့ အသိအ မှတ်ပြုပေးလိုက်တာပါ...

ပြုံးတာနဲ့ မဲ့တာ(မျက်နှာကြီးစူပုတ်နေတာ) ဘယ်ဟာကြည့်လို့ကောင်းမလဲ... အလှဓါတ်ပုံရိုက်ရင် မျက်နှာကြီးစူပုတ်ပြီး ရိုက်တာ ဘယ် တုန်းကများတွေ့ဖူးလို့လဲ... အခုနောက်ထွက်တဲ့ ကင်မရာတစ်ချို့ မှာ ပြုံးပြမှ ရိုက်လို့ရတဲ့ နည်းပညာတောင်ပါသေးတယ်ဆိုပဲ... အပြုံးတစ်ခုကိုတန်ဖိုးထားပါ...

အပြုံးတစ်ခုဟာလူတစ်ယောက်ရဲ့ ပေါင်းသင်းဆက်ဆံရေးကိုအများကြီးအထောက်အကူပြုပါတယ်... ပြုံးခြင်းအားဖြင့် မျက်နှာရဲ့ အကြောတွေပြေလျော့ပြီး ပိုအရွယ်တင်စေတယ်လို့လဲဖတ်ဖူးတယ်... (မချိပြုံး လိုမျိုး မဲ့တာလိုလို ပြုံးတာလိုလိုမျိုး မဖြစ်ဖို့တော့လိုတာ ပေါ့)...

ပြုံးပါ...
စိတ်ပါလက်ပါပြုံးပါ...
နှစ်နှစ်ခြိုက်ခြိုက်ပြုံးပါ...
ပေါ့ပေါ့ပါးပါ့းပြုံးပါ...

အပြုံးတစ်ခုနဲ့ တင်သင့်လူမှုဆက်ဆံရေး နဲ့ လုပ်ငန်းခွင်နယ်ပယ်များ အကျိုးများစွာဖြစ်ထွန်းနိုင်ပါတယ်...

မရင့်ကျက်သေးတဲ့


ဝက်ကလေး(၁၃-၅-၂၀၁၁)
Read More ->>

ကျွန်တော်၊ နာနတ်သီးနှင့်

ကျွန်တော်၊ နာနတ်သီးနှင့်

သစ်ကပ်မှို







ကလေးမြို့ မှာ နေခဲ့တုန်းကအဖြစ်အပျက်လေးတစ်ခုပါ။ ကျွန်တော်တို့အဖွဲ့ က ကလေးမြို့ ကနေ ဟားခါးလမ်းအတိုင်း သိုင်းငင်းအထိ ကြိုးဆွဲ ဖို့တာဝန်ကျပါတယ်... အဲဒီတုန်းက ကျနော့်သူငယ်ချင်းက လုပ်ငန်းအဖွဲ့နဲ့ပါသွားပြီး ကျနော်က ကလေးမြို့ မှာ အထိုင်အဖြစ်နဲ့ကျန်ခဲ့ပါတယ်. ဒါပေမယ့် တစ်ပတ်တစ်ခါတော့ သူတို့ဆီတက်ရတယ်ခင်ဗျ... လုပ်ငန်းပြီးစီးမှုနဲ့ သူတို့အတွက် ရိက္ခာ၊ ပိုက်ဆံ အစရှိသဖြင့် ပို့ပေးဖို့ပေါ့ဗျာ... မိုးဥတုရဲ့ နေ့တစ်နေ့ပေါ့... လုပ်ငန်းအဖွဲ့ စခန်းချတာက ကလေးမြို့ ကနေအတက် ၁၃ မိုင်လို့လဲခေါ်ပါတယ်... အများစုသိကြတာတော့ ရှုခင်းသာပေါ့ဗျာ... အဲဒီကို လုပ်ငန်းပြီးစီးမှုယူဖို့တက်သွားခဲ့တယ်...

ဟိုရောက်တော့ သူငယ်ချင်းနဲ့တွေ့ အလုပ်ကိစ္စလုပ်... ကိုယ့်အဖွဲ့ သားတွေနဲ့စကားစမြည်ပြော ရင်းနဲ့ ညနေစာချက်နေတဲ့ နေရာရောက်သွား တယ်... ဘာတွေချက်လဲဘာညာမေးရင်းနဲ့ ကြည့်လိုက်တော့ ... လားလား... မှိုတွေဗျာ... ဘာမှိုလဲတော့မသိဘူးချက်နေတာတွေ့ရတယ်...
ကျနော်ကလဲ မှိုဆိုရင် အကြိုက်သားလား... ဟင်းကတော့မိုက်မယ်ဗျာ... ညနေစာတောင်စားသွားမှထင်တယ်... ဆိုပြီး ပြောတော့ ထမင်း
ချက်နေတဲ့တပည့်လေးက ဆရာစားချင်စားသွားပါ... ဒီမှာတော့ ပိုချက်ထားပါတယ်... ဆိုပြီးပြောတယ်... ကျနော်လဲ ငါကအစားကြီးတယ်နော်... လို့နောက်ခဲ့ပြီး လုပ်ငန်း လုပ်နေတဲ့နေရာတွေ လိုက်ကြည့်ပါတယ်... သူငယ်ချင်းနဲ့ ညှိုနှိုင်းပြောဆိုပြီး တဲထဲကို ပြန်ရောက်တော့ တပည့်တွေက နာနတ်သီးနဲ့ဧည့်ခံပါတယ်... မိုးတွင်းဆိုတော့ နာနတ်သီးပေါသားလား... နာနတ်သီးစားနေတုန်း ထမင်းချက်တဲ့ တပည့်လေးရောက်လြာ့ပီးတော့ ခုနက သူချက်နေတဲ့မှိုဟင်းတွေကို လာချပေးပါတယ်... ဆရာ မှိုစားပါဦးတဲ့... ငရုတ်သီး  တွေထည့်ထားတာလည်းရဲနေတာပဲ... ကြည့်ရင်းနဲ့ တောင်သွားရည်ယိုချင်စရာပေါ့... အဲဒါနဲ့ဘာမှိုလဲမေး
ကြည့်တော့  သစ်ကပ်မှိုပါ  စားလို့ရပါတယ်ဆိုတာနဲ့  မြည်းကြည့်မယ်လို့စဉ်းစားတုန်း... လုပ်ငန်းအဖွဲ့မှာဆေးမှူးအဖြစ်လိုက်လာတဲ့ ဆရာ က... စားပါဆရာရယ်... ကျွန်တော်တောင်ခုနကမှနာနတ်သီးတွေ စားထားတာအများကြီး အခု မှိုထပ်စားနေတာ... ဖြစ်ရင်ကျနော် အရင်ဖြစ်မှာပါဆရာရယ်ဆိုပြီးတော့ရယ်ပြီးပြောတယ်...
မောင်ဝက်တို့နဂိုကတည်းကစားချင်နေတာ... ဆေးမှူးကရှေ့ ကစပြီးစားပြတော့ ဘာရမလဲ... စားသည်ပေါ့... စားလို့လဲကောင်းလိုက် တာဗျာ... စားချင်နေတာရော... ဆာတာရောပါတာပေါ့... စားလို့ပြီးတဲ့အထိအေးဆေးပဲဗျ... စားသောက်ပြီးတော့ သူငယ်ချင်းနဲ့ အဖွဲ့  ကိုနှုတ်ဆက်ပြီး ကလေးမြို့ ကိုပြန်ဆင်းခဲ့တယ်... အဲ... ပြသနာက နာရီပိုင်းအတွင်းထ, တော့တာပဲ...
အဆောင်ကိုပြန်ရောက်ပြီး တစ်နာရီလောက်ပဲကြာမယ်... ဗိုက်တွေအောင့်ပြီး နာလာတာဗျာ... ပျို့ လဲပျို့ ... အဲဒါနဲ့ ဘေစင်ကိုသွားပြီး  ခေါင်းစိုက်ချလိုက်တာနဲ့စားထားသမျှအကုန်ထွက်ကုန်ရောပဲ... မျက်နှာကြီးတစ်ခုလုံး နီရဲ ထူုအမ်းလာတာ... အစကတော့ဘာဖြစ်ပါလိမ့် ဆိုပြီးအံသြနေတာ... နောက်တော့ မှိုစားထားတာကိုသတိသွားရတယ်... ဖြစ်ချင်တော့... တပည့်ကျော်က လည်းညနေဆိုတော့အလည်လွန်နေတာနဲ့ အဆောင်မှာ တစ်ကိုယ်တော်ဥသြဆွဲနေတာ... ခဏနေလိုက် အန်လိုက်... ပလုပ်ကျင်းလိုက်  ပြန်အန်လိုက်နဲ့... လေးငါးခါလောက် အန်ပြီးတော့ ဗိုက်တွေ အ၇မ်းနာလာတယ်... ဘာလုပ်လို့လုပ်ရမှန်းလဲမသိဘူး... နောက်ဆုံးတစ်  ခေါက်အန်လို့အပြီးမှာ လူကအန်စရာလဲမကျန်တော့... ဗိုက်တွေလဲနာတာနဲ့ မှေးနေလိုက်တာ... ကိုယ်တွေတောင်ချက်ချင်းပူတက်လာ တာပဲ... နောက်ထပ်မအန်တော့... ရေလေးနည်းနည်းသောက်ပြီးအိပ်လိုက်တာ... မနက်မိုးလင်းမှနိုးတော့တယ်... နိုးလာတော့ မျက်နှာ  ကြီးထူအမ်းနေတာ... ကိုယ်ကတော့မပူတော့ဘူး... တော်သေးတာပေါ့ငါဘာမှမဖြစ်တာလို့... ဆိုပြီး ဖြေသိမ့်ရတယ်... ရုံးရောက်တော့မှ... တောင်ပေါ်က အဖွဲ့ ဘယ်လိုနေလဲမသိဘူးဆိုပြီး စက်နဲ့လှမ်းမေးတော့... ဆေးဆရာလဲ ညက အန်တယ်တဲ့ဗျာ... ကျန်တဲ့လူတွေတော့ဘာမှမဖြစ်ပါဘူးတဲ့... ကဲ... စားချင်ဦးဟဲ့ နာနတ်သီးနဲ့ မှို....

ရှောင်နိုင်ရှားနိုင်ကြပါစေ...

မရင့်ကျက်သေးတဲ့

ဝက်ကလေး(၂၆-၄-၂၀၁၁)
Read More ->>

အရသာသောက်သူ

အရသာသောက်သူ




နာမည်ကြီး
ဆိုင်းဘုတ်ဟီး
သောက်မိသည်
လက်ဘက်ရည်
ပြန်အထွက်
ဆိုင်းဘုတ်ကိုငဲ့ကြည့်မိတယ်...
သြော်...

နာမည်မကြီးပေမယ့်
နာမည်ရထားသည်မို့
ဝင်မိသည်
နောက်တစ်ဆိုင်
ထူးမခြားနား
(ပတ်ပျိုးမဟုတ်)
ပြန်အထွက်
ဆိုင်းဘုတ်ကိုမော့ကြည့်မိတယ်...
သြော်....

ဒီလိုနဲ့ ၆၅ လမ်းတစ်လျှောက်
ဆိုင်ပေါက်စေ့လျှောက်သွားရင်း
လက်ထဲပိုက်ဆံ ၂၀၀ ကျန်တော့
တစ်ဆိုင်စာကျန်ပေပေါ့လို့
အားတင်းကာလှမ်းလိုက်တယ်
ခနော်ခနဲ့
ယိုင်နဲ့နဲ့နှင့်ဆိုင်
မထူးပါဝင်ထိုင်မိတယ်

ဆိုင်ကပြန်အထွက်
ဆိုင်ကိုပတ်
ဆိုင်းဘုတ်ကိုရှာ
မတွေ့ပါလို့မေး
နာမည်မရှိသေးတဲ့
လမ်းဘေးဆိုင်တဲ့....

နောင်ကိုဒီမှာပဲသောက်တော့မယ်...

ဝက်ကလေး(၇-၁၁-၂၀၁၀)
Read More ->>

အိုင်တီဝတ္ထုတို

အိုင်တီဝတ္ထုတို












ဒီခေတ်ကို အိုင်တီခေတ်လွန်လို့လူအများကသတ်မှတ်ကြပါတယ်...ကျနော်ကတော့အိုင်ထဲကတီနဲ့ငါးမျှားရ တာကိုသဘောကျခဲ့သူပါ.တစ်ကယ်တော့ ကျွန်တော်ဟာ အိုင်တီသမားငမွဲလေးလို့လူသိများပါတယ်...ကျနော်ချစ်တဲ့သူက ခြေကြီးအနေကြီး၊ မျိုးရိုးဇာတ်လွန်စွာမြင့်တဲ့ တံငါသည်တွေပါ...သူ့မိဘတွေကအရမ်းချမ်းသာပါတယ်... ကျွန်တော်က လမ်းတစ်ကာလှည့်ပြီး မိုးပျံယာဉ်တစ်စီးနဲ့ ဗိုင်းရပ်သတ်တယ်၊ ဆော့ဝဲသွင်းတယ်၊ ဆားဗစ် ကိုလက်ခ သက်သက်သာသာနဲ့လုပ်ပေးတယ်...ဆိုပြီးလှည့်အော်နေရတဲ့ဘ၀လေးပါ... တစ်နေ့ ...... မိုးသည်းတဲ့တစ်နေ့ပေါ့... ကျနော်ဟာ... ၀မ်းစာအရေး...ဟမ်ဘာဂါလေးစားရဖို့အတွက် လုံးပန်းနေရတော့ မိုးရွာတာ၊ နေပူတာကို ဂရုမစိုက်အားပါဘူး...အမိုးတစ်ချို့ နျူကလီးယားအက်ဆစ်စားတဲ့အတွက် ကျိုးတိုးကျဲတဲ ယာဉ်ပျံလေးနဲ့ လမ်းတစ် ကာလှည့်ပြီး အော်ဆဲ ၊ မျှော်ဆဲပါပဲ...(အဲဒီအချိန်တုန်းက ချစ်သူဟာ...မနက် ဘရိတ်ဖတ်ကို မုန့်ဟင်းခါးအပြင် ကောက်ညှင်းပေါင်းနဲ့ အကြော်ကို နေ့တိုင်းစားနေရတဲ့အချိန်ပါ...ကျနော်လိုကောင်မုန့်ဟင်းခါးတစ်ပွဲစားလိုက်ရတဲ့ တစ်နေ့မှာ ကျနော်သေခဲ့ရင်တောင်မှ သေပျော်ပါပြီလို့ စိတ်ကူးထားခဲ့တာပါ).. အဲလိုနဲ့ တစ်ကိုယ်လုံးခိုက်ခိုက်တုန်... ဗိုက်ကလဲဆာတုန်းမှာ (မကြာခင်ဖြစ်လာမည့်)ချစ်သူရဲ့ “လာပါဦး” လို့ခေါ်လိုက်တဲ့အသံဟာ ကျွန်တော့်နားထဲမှာ သကာရည်လောင်းပြီးပျားရည်ဆမ်းထားတာထက်ကိုပိုသွားခဲ့ပါတယ်... သူက ဗိုင်းရပ်သတ်ဖို့နဲ့ ဆော့ဝဲလေးတစ်ခု ရေးဖို့အတွက်ကျနော့်ကိုခေါ်ခဲ့တာပါ... အိမ်ထဲကိုဝင်စကတည်းက ကျနော်အကြည့်မိဆုံးဟာ သူ့မျက်နှာလေးပါပဲ...သူ့မျက်နှာလေးဟာ ကျွန် တယုတယကိုင်တွယ်ခဲ့တဲ့ လေဆာဖလက် မော်နီတာတွေထက်တောင်မှနူးညံ့နေမယ်ဆိုတာကို ကိုင်မကြည့်ဘဲ ကျနော်အလိုလိုသိနေခဲ့တာပါ... သူ့အိမ်က ကော်ဇောတွေဟာဆိုရင် ခြေထောက်တောင်မချရက်စရာပါ...ကျနော်အ လိုက်တသိပဲဖိနပ်ချွတ်ခဲ့ပါတယ်...မိုးရွာလို့အပြင်မှာချမ်းနေပေမယ့် အထဲမှာတော့ ကိုယ်ပိုင်ရာသီဥတုစက်ကြောင့်နွေး နေခဲ့ပါတယ်... အိမ်ထဲရောက်တော့သူက- “ အရမ်းချမ်းနေတယ်နဲ့တူတယ်နော်...ကျမကွန်ပျူတာက ဗိုင်းရပ်သတ်ရုံပါ...ဆော့ဝဲကလဲလိုချင်တဲ့ပုံစံပြော ပြီးအပ်မှာသိပ်အရေးမကြီးပါဘူး”...“ခဏနော်” လို့ ပြောပြီးအိမ်အနောက်ကအခန်းတစ်ခန်းထဲကိုဝင်သွားပါတယ်။ ပြန်ထွက်လာတော့ ခွက်ကလေးတစ်ခွက်... ကျနော်ထင်လိုက်မိပါတယ်...ကော်ဖီတစ်ခွက်လို့ပဲ...(အဲဒီအချိန်တုန်းက ကော်ဖီတစ်ခွက်ဆိုတာ အိမ်ဖော်တွေ ကျနော်တို့လိုလူစားတွေပဲသောက်ပါတယ်)... “ချမ်းနေတယ်မလား...ရော့...ဒါလေးသောက်လိုက်” “ ဟုတ်ကဲ့ ” ဆိုပြီးဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့...ကျနော့်မျက်စိကိုတောင်ကျနော်မယုံနိုင်ခဲ့ပါဘူး...လားလား...လက်ဘက်ရည် (ဟိုးခေတ်ကတော့ရေနွေးကြမ်းလို့လဲခေါ်တယ်လို့သမိုင်းတစ်စောင်မှာဖတ်ဖူးတယ်)...ကျနော်အရမ်းပျော်ပြီး ၀မ်းသာ အားရသောက်လိုက်ချိန်မှာပဲ... “ဖလူး...ရှုး...ခရူး...အားပါးပါး” အငမ်းမရဆိုတော့ ..လျှာကျက်သွားပါတယ်...ဒါကိုသူလေးက ဟန်မဆောင်နိုင်ပဲ အားရပါးရရယ်ပါတယ်...သူ့ရယ် လိုက်ပုံလေးဟာ...ကလေးလေးတစ်ယောက်လိုအပြစ်ကင်းစင်လှပါတယ်...ကျနော်ဆိုတဲ့ကောင်ကလဲ အဲဒီအချိန် ကလေးကို အမိအရ...ကျနော့်ကော်လာမှာ တပ်ထားတဲ့ နာနိုကင်မရာလေးနဲ့မှတ်တမ်းတင်လိုက်နိုင်ပါတယ်...ဒါကိုသူ မရိပ်မိလိုက်ပါဘူး... အဲလိုနဲ့အလုပ်စဖို့ပြင်တယ်ပေါ့ဗျာ...ကျနော်သူ့ကွန်ပျူတာကိုကြည့်ပေးလိုက်ပါတယ်....ကွန်ပျူတာက တစ် ကယ့်အကောင်းစားဗျာ...နာနိုနည်းပညာသုံးလေဆာဝေ့ဗ်မော်နီတာနဲ့ တက်ခ်ျ ကီးတွေ...တစ်ကယ်ပါ...အဲလောက်ထိ အခြေကြီးခဲ့မယ်လို့...ကျွန်တော်မထင်ခဲ့ရိုးအမှန်ပါဗျာ... တစ်ကယ်တမ်းဗိုင်းရပ်ကတော့ တစ်ခြားဟုတ်ရိုးလား... တစ်နေ့က ကျနော်လိုဗိုင်းရပ်သတ်တဲ့ ကောင် တစ်ကောင်က ငွေရှာရခက်လို့ဆိုပြီး လက်ကမြင်းလိုက်တဲ့ ခပ်ပေါပေါဗိုင်း၇ပ်ဟောင်းပါ...ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများ စွာက သုံးခဲ့တဲ့ I Love You ! ဗိုင်းရပ်စ်ကလေးပါ... ကျွန်တော့်အထင်အရ..သူအဲဒါလေးကိုတွေ့မိတော့သူရင်ခုန်သွားပုံရပါတယ်... ကျွန်တော် အလွယ်တစ်ကူပဲသတ်ပေးလိုက်ပါတယ်...ပြီးတော့ သူနဲ့စကားစမြည်ပြောဖြစ်ကြတယ်လေ။ “မနေ့က မီး universalnet ထဲက လာတဲ့ မေးလ်တွေစစ်နေတုန်း အဲဒီမေးလ်လေးကိုတွေ့တော့ စိတ်ဝင်စားလို့ဖွင့် ကြည့်လိုက်တာလေ” “ ဗိုင်ရပ်လို့မထင်ခဲ့မိဖူးပေါ့ဟုတ်စ” “အင်း” “သူကအရမ်းကျွမ်းတာပဲနော်...အဲဒါတွေကိုလဲသိတာပဲ...အိမ်က ကောင်လေးတစ်ယောက်တောင်မရဘူး...မလုပ်တတ်ဘူး” “ အာ...ဟာ...အဲလိုလဲမဟုတ်ပါဘူး...ကျွန်တော်ကမတောက်တစ်ခေါက်ပါ..” “ဟယ်...ဘယ်ဟုတ်ရမှာလဲ...သူကလဲ ၃၈ ဖြာမင်္ဂလာကျနေတာပဲ...နှိမ့်ချနေလိုက်တာ” “အာ...တစ်ကယ်ပြောတာ...အဲဒီဗိုင်းရပ်ကိုသိချင်ရင် ဦးတရုတ်ကြီးရေးတဲ့ ဒစ်ဂျစ်တယ် ရာဇ၀င်ကြီးကိုပြန်ဖတ်ကြည့် လိုက်...အဲဒီထဲမှာအဲခေတ်က ဗိုင်းရပ်အကြောင်တွေပါ...ပါတယ်...စာမျက်နှာ..၁၅၀၀ မှာလေ” ကျနော်အဲလိုလဲပြောလိုက်ရောသူ့မျက်လုံးလေးတွေအရောင်လက်သွားပြီး... “ဟုတ်လား...ယူက သမိုင်းလဲကျွမ်းတာပဲနော်” “အဲလိုလဲမဟုတ်ရပါဗျာ...ပျင်းတော့စာလေးပေလေးဖတ်ရင်းနဲ့သိမိတာလေးပါ” သူနဲ့စကားပြောရတာဟာ ခုနကလက်ဘက်ရည်ကြမ်းသောက်ရတာထက်ကိုအရသာပိုရှိပါတယ်။ ဘုရားစူးရပါစေရဲ့...ကျွန်တော့်တစ်သက်မှာဒီလောက်လှတဲ့ မိန်းကလေးမျိုး တစ်ခါမှမကြုံဖူးသလို ဒီလောက်စေတနာ ကောင်းတဲ့သူဌေးမျိုးမတွေ့ခဲ့ဖူးပါဘူး။ နောက်သူကစကားဆက်ပါတယ်။ “ ကျမ ဒီအလုပ်ကလေးတစ်ခုအတွက် ပရိုဂရမ်တစ်ခုလောက်လိုချင်ပါတယ်... အချိန်ဘယ်လောက်ကြာမလဲ ရရော ရနိုင်ပါ့မလား...ဘယ်လောက်ပေးရမလဲသိချင်ပါတယ်...” “ ရတာက ရနိုင်ပါတယ်...အချိန်နဲနဲတော့စောင့်ပါ...ကျွန်တော်အပြီးအစီးရေးပြီး ဒီမှာကိုယ်တိုင်လာတင်ပေးပါ့ မယ်” သူ့မျက်နှာလေး ၀င်းလက်သွားပါတယ်...ဘာဖြစ်လို့လဲဆိုတော့ သူခိုင်းလိုက်တဲ့နည်းဟာတော်တော် လေးကိုခက်ပါတယ်...ဘာလို့ခက်လဲဆိုတာမေပြောခင်သူ့အိမ်ရဲ့အပြင်အဆင်လေးကို အရင်ပြောပြပါမယ်။ ခုခေတ်က အိုင်တီခေတ်လွန်ဆိုတဲ့အတိုင်းပါပဲ နည်းပညာပေါင်းများစွာနဲ့ မိမိအိမ်ကို ပြင်ဆင်ထားတတ်ကြပါတယ်။ သူဌေးတွေပေါ့ဗျာ။ ကျနော်ကတော့အဲလိုမသုံးနိုင်ပါဘူး...။ အိုင်တီသင်္ချိုင်းမှာ သွားတောင်းလို့ရတဲ့ ဝေါလ်ပေပါ တစ်ချို့ကို ကျွန်တော်တတ်တဲ့နည်းပညာတစ်ချို့နဲ့ပေါင်းစပ်ပြူပြင်ပြီး အိမ်နံရံတွေကိုအလှဆင်ထားပါတယ်။ သူ့အိမ်ကတော့အဲဒီလိုမဟုတ်ဘူးဗျ... ကမ္ဘာ့နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်တဲ့ Micropaw (မိုက်ခရိုပေါမှထုတ် လုပ်သော ပေါတောတောအမှတ်တံဆိပ်ပါ ပစ္စည်းမျိုးစုံကို အက်ဒမင်အောင်အောင်ပေါကုမ္ပဏီမှာ ဖေါဖေါသီသီ ၀ယ်ယူနိုင်ပါကြောင်း...၄င်းကားကြော်ငြာ)ကနေထုတ်လုပ်တဲ့ နာနိုနည်းပညာသုံး လေဆာဝေါလ်ရှိတွေကိုကပ်ထား ပါတယ်။ အဲဒီဝေါလ်ရှိရဲ့ ထူးခြားချက်ကတော့ နာမည်ကြီးဝေါလ်ရှိကုမ္ပဏီတစ်ခုဖြစ်တဲ့ KLYT (ခွေးလယားသီး) ကထုတ်တဲ့ ဝေါလ်ရှိထက် ပိုမိုလှပခြင်း၊ ကြည်လင်ပြတ်သားခြင်း တို့အပြင် ရုပ်ရှင်၊မူဗီများသာမက ယူနီဗာဆယ်နက် ကိုပါသုံးစွဲနိုင်သည့် အချက်တွေပဲဖြစ်ပါတယ်။ အလွန်ကောင်းသလောက် အလွန်တန်ဖိုးကြီးလှတာမို့ ကျနော်အိုင်တီငမွဲကတော့ ၀ယ်သုံးဖို့နေနေသာ သာ အရောင်းစင်တာနားတောင်ကပ်နိုင်တဲ့သူမဟုတ်လို့ပါပဲ...သူတို့အိမ်ကဝေါလ်ရှိမှာဝယ်ထားတာမကြာသေးပေ မယ့်ထိန်းသိမ်းမှုညံ့တဲ့အတွက် အဲဒီဝေါလ်ရှိနဲ့တွဲသုံးတဲ့ စက်ကလေးမှာ ထည့်ထားတဲ့ ပရိုဂရမ်ပျက်စီးသွားလို့ ကျနော့်ကို ပြန်ရေးခိုင်းဖို့ခေါ်လိုက်တာပါပဲ... သူတို့အိမ်ကြမ်းခင်းဟာ နာနိုနည်းပညာသုံးကြမ်းခင်းတွေပါ။ အမှိုက်လှည်းစရာမလိုဘူး။ ဖုန်တွေကို သူ့အလိုလျောက်ခြေဖျက်ပေးတယ်။ရေတွေဘာတွေဖိတ်ကျလို့စိတ်မပူရဘူး။စက္ကန့်ပိုင်းအတွင်းအလိုလျောက်ခြောက်သွားစေတယ်။ တစ်ခုတော့ရှိတာပေါ့ဗျာ...သူတို့မန်မိုရီထဲမှာ ဘာလုပ်ပါလို့ခိုင်းထားပြီးသားကိုးအလိုလျောက်လုပ် ပေးတာပေါ့။ တစ်ခြားတန်ဖိုးကြီးနည်းပညာတွေပေါင်းစုံပေါ့ဗျာ......... ကျွန်တော့်ကိုအဲဒီပရိုဂရမ်လေးရေးခိုင်းတော့ ကျနော်ရေးနိုင်လားဆိုတော့ ဟုတ်ကဲ့ ကျနော်သဘော တရားနားလည်လို့ရေးတတ်ပါတယ်...ဒါပေမယ့်အဲလိုကုမ္ပဏီမျိုးမှာ ၀န်ထမ်းလုပ်ရတဲ့ဘ၀၊ စာချုပ်နဲ့နေရတဲ့ဘ၀တွေ ကိုငြီးငွေ့လို့ ကျနော်မလုပ်ပဲ အိုင်တီအိမ်တိုင်ရာရောက်ဆားဗစ်ကို ရွေးချယ်လုပ်ခဲ့တာပါ။ သူကျနော့်ကိုခိုင်းဖို့သာခေါ်ရပေမယ့် ကျနော်လုပ်နိုင်လိမ့်မယ်လို့ထင်ထားပုံမရပါဘူး။ ကျနော်အလုပ်ကို လက်ခံလိုက်တဲ့အထိလဲသူယုံကြည်သေးပုံမရပါဘူး။ ဒါပေမယ့်သူစရံငွေတော့ပေးလိုက်ပါတယ်။ အဲဒီနောက်ကျနော်သူ့အိမ်ကနေပြန်ထွက်ခဲ့ပါတယ်။ ခြံတစ်ခါးဝအထိသူလိုက်ပို့ပါတယ်။ မိုးကတော့စဲ နေပြီပေါ့တံခါးဝအရောက်မှာကျနော်က “ ကျနော် အဲဒါပြီးတဲ့အချိန်ကိုဆက်ဆက်လာပို့ပေးပါ့မယ်...စိတ်ချပါနော်...ခုလိုအရမ်းချမ်းတဲ့အချိန်မှာ တန်ဖိုးကြီးတဲ့လက်ဘက်ရည်ကြမ်းနဲ့ဧည့်ခံတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်” “ ရပါတယ်ရှင် ... ကိစ္စမရှိပါဘူး” “ဒါဆိုရင်လဲ ကျနော့်ကိုသွားခွင့်ပြုပါဦး မ......” “ ကျမနာမည် သူဇာပျိုပါရှင် ကို...............” “ ဆောရီးနော်ကျနော်က ပေါသွပ်သွပ် ပါ” “ အဟိ!...ဟုတ်ကဲ့ပါရှင်ကိုပေါသွပ်သွပ်” “ ခွင့်ပြုပါဦးခင်ဗျာ”

နှုတ်ဆက်ပြီးတဲ့နောက်ကျနော့်ယာဉ်ပျံလေးကိုစီးပြီးအိမ်ကိုပြန်ခဲ့ပါတော့တယ်...ဒီနေ့အဖို့အလုပ်ဆက် လုပ်ဖို့မဖြစ်နိုင်တော့မှန်းကိုယ့်ကိုယ်ကိုသိလိုက်ပါတယ်... အပြစ်ကင်းစင်ပြီးကလေးတစ်ယောက်လိုချစ်စရာကောင်းတဲ့မျက်နှာလေးဟာ ကျနော့်မျက်စိထဲက ထွက်ကိုမထွက်ပါဘူး။ ကျနော်အိမ်ကိုတန်းပြန်ခဲ့ပါတယ်။ ကျနော်ဟာ တစ်ယောက်တည်းနေတာပါ...မိဘတွေမရှိ တော့ကတည်းက ဘယ်ဆွေဘယ်မျိုးကိုမှအထင်မကြီးခဲ့သလို ဘယ်သူ့ကိုမှလဲအားမကိုးခဲ့ဘူး.......ကျနော်ချမ်းသာ ချင်ရင် လွယ်ပါတယ်။ ဒါပေမယ့် ကျနော် အစကပြောခဲ့သလိုပဲလေ...အိုင်ထဲကတီနဲ့ငါးမျှားနေရတာကိုပဲ ဘ၀လို့ထင် ခဲ့တာပါ... ဒါပေမယ့်ကျနော်က သန့်သန့်ပြန့်ပြန့်ပဲနေပါတယ်။ အလုပ်ကိုလဲ အကောင်းဆုံးဖြစ်အောင်လုပ်ပေးတတ် တာကျနော့်ရဲ့ ၀ါသနာပါ... ကျနော်ကြုံခဲ့ရသမျှသူဌေးသမီးတော်တော်များများဟာ ကျနော့်ကို သာမန် ဗိုင်းရပ်သတ်တဲ့၊ ဆော့ဝဲ သွင်းတဲ့ လူတစ်ယောက်လောက်ပဲထင်ထားသလို ဆက်ဆံတာလဲအရမ်းမောက်မာပါတယ်။ ကျနော်ဟာ ဟမ်ဘာဂါ ကိုနေ့တိုင်းလိုလို စားနေရသူပါ။ သူတို့သူဌေးသမီးတွေလိုအိပ်ယာနိုးတာနဲ့ ပဲပြုတ်ဆီဆမ်းစားဖို့အတွက် မတတ်နိုင် ခဲ့တာတော့အမှန်ပါ။ ဒါပေမယ့် ကျွန်တော်စိတ်ဓါတ်မကျပါဘူး…ကျနော်ကျရာဘ၀မှာကျနော်ပျော်နေခဲ့တာပါ။ သူဌေးသမီးတွေဘယ်လိုပဲ အော်ဟစ်ခိုင်းခိုင်း ၊ ဈေးဘယ်လောက်ပဲဆစ်ဆစ် ကျနော်တတ်နိုင်သလောက် အလျော့ပေးခဲ့ပါတယ်။ သူတို့လိုလူမျိုးတွေနဲ့မပတ်သတ်ချင်လို့ပါပဲ… ခု ………သူလေးကတော့မဟုတ်ပါဘူး…အရမ်းကိုစိတ်သဘောထားပြည့်ဝပြီး စိတ်ထားကောင်းတဲ့ ပုံကလေးပါပဲ…အဲဒါကိုသဘောကျမိတဲ့ကျနော်...သူကလေးရဲ့ အချစ်ကိုရဖို့ကြိုးစားမယ်လို့ ဆုံးဖြတ်ချက်ချ လိုက်ပါတော့တယ်။ အရင်ဆုံးသူပြောတဲ့ ပရိုဂရမ်ကိုရေးဖို့အတွက် ကြိုးစားပါတယ်…သူ့အိမ်ကိုလဲရောက်ဖြစ်ပါတယ်။ သူ့စက်ရဲ့  အသုံးပြုပုံအသေးစိတ်နဲ့ တစ်ခြားလိုအပ်တာတွေအကုန်လုံးကို အတတ်နိုင်ဆုံးရှာယူလိုက်ပါတယ်။ နောက်ဆုံးတစ်နေ့တော့…….. ကျနော်အောင်မြင်ခဲ့ပါပြီ……. သူ့ခိုင်းထားတဲ့ ပရိုဂရမ်လေးအပြင် ကျနော့်အချစ်ကိုဖော်ညွှန်းတဲ့ သီချင်းလေးတွေပါတဲ့ Nano Technique သုံး ဝေါလ်ပေပါလေးတစ်ခုကိုလဲ တီထွင်ခဲ့ပါတယ်…အဲဒီ ဝေါလ်ပေပါလေးဟာသူ့အခန်းအတွက် သာသီးသန့်ကျနော်ရည်ရွယ်ခဲ့တာပါ။ ဘယ်လိုပုံမျိုးလဲဆိုတော့…အခန်းမျက်နှာကျက်မှာကပ်ထားလိုက်ရုံပါပဲ စက်လေးခုပါပါတယ်။ အဲဒါ လေးကိုဖွင့်လိုက်တာနဲ့ မိုးရွာတဲ့ပုံစံမျိုးဖန်တီးလို့ရပါတယ်။ ကိုယ်လိုချင်တဲ့ မြင်ကွင်းအနေအထားမျိုးကိုဖန်တီး လို့ရအောင်လုပ်ပေးထားတာပါ.။ အဲလိုစက်မျိုးကို ဘယ်သူမှမထွင်သေးပါဘူး… နည်းပညာကိုလဲကျနော်ဟာ ဖျက်ဆီးပစ်ခဲ့တာပါ။ ကျနော်ကိုယ်တိုင်မှတစ်ပါး အဲစက်မျိုးကိုဘယ်သူမှမထွင်နိုင်အောင်ကိုလျှို့ဝှက်ခဲ့တာပါ။ ဒါဟာသူ့တစ်ယောက်အတွက်ရည်ရွယ်ခဲ့တာပါ။ ကျနော်ချမ်းသာချင်ရင်အဲဒီလိုနည်းပညာနဲ့ချမ်းသာအောင်လုပ် လို့ရပါတယ်။ သူအပ်ထားတဲ့ပရိုဂရမ်ကိုသွားအပ်တဲ့နေ့မှာပဲ အဲဒီပစ္စည်းလေးတွေတပ်ဆင်ပေးခဲ့ပါတယ်။ သူနဲ့ကျနော် ဟာလဲ တစ်ယောက်ကိုတစ်ယောက်ချစ်နေမိပြီဆိုတာကို သိနေကြပါတယ်။ ကျနော်ဆင်ပေးလိုက်တဲ့ဝေါလ်ပေပါ လေးကိုသူအရမ်းကိုကြိုက်သွားပါတယ်။ အဲဒီနေ့ညနေက....သူ ကျနော့်ကို နာမည်ကြီး လေပေါ်စားသောက်ဆိုင်တစ်ဆိုင်မှာ လေပ်ါစာနဲ့လိုက် ကျွေးပါတယ်။ ကျနော်အရမ်းဝမ်းသာသွားတယ်။ သူကျနော့်ကိုအရေးတယူပြုခဲ့လို့လေ။ ဒါပေမယ့် ၀မ်းနည်းစရာအ ကောင်းဆုံးစကားကိုလဲအဲဒီမှာပဲ သူပြောခဲ့ပါတယ်။ “ကိုပေါသွပ်ရေ...ဖေဖေတို့မနက်ဖြန်ပြန်လာတော့မယ်...ဖေဖေတို့က ကိုပေါသွပ်ကိုခုလိုလက်ခံစကား ပြောပုံခင်မင်ပုံမျိုးကိုခွင့်ပြုမှာမဟုတ်ဘူး” “ မီး ကို တောင်တော်ရုံယောကျာ်းလေးနဲ့စကားပြောခွင့်ပေးတာမဟုတ်တော့ ကိုပေါသွပ်ကိုဆိုပိုဆိုး လိမ့်မယ်...ဒါ မီး ပွင့်ပွင့်လင်းလင်းပြောတာပါ” “ မီး စိတ်ထဲမှာတော့ ကိုပေါသွပ်ကိုအရမ်းခင်တယ်....စတွေ့ကတည်းကပေါ့.........ခုထိလဲခင်တုန်း ပဲ...နောက်လဲဆက်ခင်သွားမှပါ....ကိုပေါသွပ်........ဒါကိုတော့ယုံပါနော်...ကိုပေါသွပ် ရဲ့ z-mail လိပ်စာလေးပေးခဲ့ လေ...မီး အပ်ထားလိုက်ပါ့မယ်...” “ ဟုတ်ကဲ့ဗျ.....ကျနော့် z-mail က pawtuttut@zmail.bom ပါ...ကျနော်တို့ ယူနီဗာဆယ်နက်မှာ တွေ့ကြတာပေါ့နော်” “ ကျနော့်ကိုအခုလိုခင်မင်တဲ့အတွက်လဲ မသူဇာပျိုကိုအရမ်းကျေးဇူးတင်ပါတယ်” “ မလိုပါဘူးရှင်...မီးက သာ အကို့ကို တွေ့တွေ့ချင်းခင်မိတာပါ...အကိုက အရမ်းတော်တယ်နော် ဒါနဲ့များဘာလို့ ချမ်းသာအောင်မလုပ်တာလဲ” အဲဒီမေးခွန်းလေးကစလို့ ကျွန်တော့်ခံယူချက်၊ ကျနော့်ဘ၀အခြေအနေ၊ ကျနော့်ယုံကြည်ချက် တွေတော်တော်များများသူ့ကိုပြောပြပေးခဲ့ပါတယ်။ နောက်သူ့ကိုကျနော့်အိမ်ကိုအလည်ခေါ်သွားခဲ့တယ်။ သူဟာအိမ်လေးကို အတော်သဘောကျသွားပါတယ်။ သူ့အိမ်လိုမကြီးမားမခန့်ညားပေမယ့် နေချင့်စဖွယ်ပြင်ဆင်ထား မှုလေးတွေကြောင့်ပါပဲ... နောက်တော့သူပြန်သွားပါတယ်...ညဘက် ယူနီဗာဆယ်နက်မှာကျနော်တို့နှစ်ယောက်တွေ့ကြ ပါတယ်...စကားတွေပြောကြတယ်... အတွေးအခေါ်တွေကိုဖလှယ်ကြပါတယ်...

ဒီလိုနဲ့.......... ဒီလိုနဲ့.......... ဒီလိုနဲ့..........

သူနဲ့ကျနော်ရည်းစားတွေဖြစ်ခဲ့ကြပါတယ်.... တစ်ခါတစ်ရံလစ်ရင်လစ်သလို အပြင်မှာခိုးတွေ့ခဲ့ကြတယ်... မထင်မှတ်တဲ့တစ်နေ့မှာပေါ့....... ကျနော်တို့နှစ်ယောက်အကြောင်းကို သူ့အဖေသိသွားခဲ့တယ်.......ထုံးစံအတိုင်းပါပဲ... သူ့သမီးကိုတံခါးပိတ်သော့ခတ် ကျနော့်ကိုငွေနဲ့လာပေါက်... ကျနော်ကလဲ ငွေဆိုတာကို မမက်မောခဲ့တဲ့အကောင်ဆိုတော့ထိပ်တိုက်တွေ့ပြီး ကျနော်တို့နှစ် ယောက်အဆက်အသွယ်ပြတ်ခဲ့ရပါတယ်... ကျနော်ကတော့သူ့ဆီကို မေးတွေပို့မြဲ...

အဲလိုနဲ့ နှစ်ပတ်လောက်အကြာမှာ ယောက္ခမလောင်းကြီးရောက်ချလာပါတယ်။ အကြောင်းအရင်းက တော့ သူ့သမီး အခန်းထဲက ဝေါလ်ပေပါကို သူတွေ့သွားတော့သူ့သူငယ်ချင်း အိုင်တီပညာရှင်ကိုခေါ်ပြပါတယ်... သူကအကွက်မြင်တာပေါ့ဗျာ.....ဒါမျိုးထပ်ထွင်နိုင်ဖို့အတွက်ကျနော့်ကိုလာတွေ့တာပေါ့...ဒါပေမယ့်ကျနော်ကလဲ ကျနော်လေ...ကျနော့်ခံယူချက်ကိုအသက်နဲ့လဲပြီးရင်ဆိုင်ဖို့အထိပြင်ထားခဲ့တာပါ............ နောက်ဆုံးတော့သူတို့လက်လျော့သွားကြပါတယ်....... ကျနော့်ကိုလဲပြောခဲ့ပါသေးတယ်… “မင်းငါ့သမီးကိုရဖို့ ဘယ်တော့မှမမျှော်လင့်နဲ့ဟေ့ကောင်၊ မင်းလိုအောက်တန်းစား ဆော့ဝဲရေးတဲ့ကောင်တွေနဲ့ ငါ့လို ဂုဏ်မြင့် ဇာတ်မြင့် တံငါသည်မျိုးရိုးရဲ့သမီးနဲ့မပေးစားနိုင်ဘူးကွ” တဲ့ ကျနော်သူ့ရှေ့မှာပဲ ဟားတိုက်ရယ်ပြလိုက်ပါတယ်…..ကျနော်ရိုင်းသွားတယ်နော်…… ဟားဟား ဟုတ်ကဲ့ …ကျနော်ရိုင်းသွားပါတယ်…သူတို့ကလေးကလားလာလုပ်မှတော့ကျနော်ရိုင်းခဲ့ရပြီပေါ့ဗျာ… ကျနော်ကမျှော်လင့်ချက်နဲ့အသက်ရှင်တဲ့လူမဟုတ်ပါဘူး………. လက်တွေ့ဘ၀မှာလက်တွေ့နေထိုင်နေတဲ့သူလေ………………… ဒါကိုသူသတိမထားမိခဲ့တာ……….သူ့ရဲ့ပေါ့လျော့မှုတစ်ခုပဲလေ………. သူက ကျနော့်ကိုခပ်ပေါပေါအိုင်တီသမားလို့ထင်နေတုန်းပဲလေ……… နောက်ထပ်သူ့ဟာကွက်က သူ့သမီးကိုသူ့လိုစိတ်မျိုးပဲရှိလိမ့်မယ်လို့သူထင်ခဲ့တာဟာသူ့အမှား၊လှောင်ပိတ်ခဲ့မိတာ သူ့အမှား………… တစ်နေ့…….. ကျနော်စောင့်မျော်နေတဲ့တစ်နေ့ပေါ့……… ဆောင်းဦးနှင်းစက်ကြားထဲမှာထွက်ပေါ်လာတဲ့နေရောင်ခြည်လို လင်းလက်နေတဲ့ မျက်နှာလေးနဲ့သူဟာ………ကျနော့်ဆီကိုအပြေးအလွှားရောက်လာခဲ့ပါတယ်……… အဲဒီနောက် သူ့ကို ကျနော်….. ခိုးပြေးတယ်… သူ့အဖေနဲ့ဝေးတဲ့ဆီ…….. သူမထင်ထားတဲ့ဆီ………. ဟိုး……ဝေးဝေး…က နှင်းတွေဖုံးနေတဲ့တောင်တန်းတွေရှိတဲ့ နေရာတစ်ခုဆီပေါ့…………


(အမှန်တစ်ကယ်တော့ သူဇာပျိုရဲ့အခန်းမှာတပ်ပေးခဲ့တဲ့ ဝေါလ်ပေပါဟာ ကျနော်တို့အတွက် ဘာနက်မှမလိုပဲနှစ်ယောက်တည်းတွေ့နိုင်တဲ့ ကွန်ယက်တစ်ခုပါ… ကျနော်နာမည်မပေးရသေးပါဘူး… အဲဒီကွန်ယက်ကနေပဲ သူတို့ရဲ့ နည်းပညာတွေဖျက်ဆီးနည်း၊ လုံခြုံမှုစနစ်တွေထိုးဖောက်နည်းတွေကို ကျနော်စိတ်ရှည်လက်ရှည်နဲ့ သင်ပေးခဲ့တာပါ……. ကျနော့်မှာက အဲဒီတောင်တန်းတွေကြားမှာ ကျနော့်အတွက်အဖိုးကအမွေပေးခဲ့တဲ့ အိမ်ရှိပြီးသားလေ….. အဲဒီအိမ်ကလဲ သူဇာပျိုရဲ့အိမ်ထက် မသာရင်တောင်မှ မနိမ့်ကျခဲ့ဘူးဆိုတာ သူတို့သိခဲ့ကြရင်……………………………………………….. ………………………………………………………………………..ကျနော့်ရဲ့ပိုင်ဆိုင်မှုဟာ ဘာမှမလုပ်ပဲထိုင် စားနေရင်တောင်မှ သူတို့နဲ့တန်းတူနေနိုင်ခဲ့တယ်ဆိုတာကိုသူတို့သိခဲ့ရင်……………………………. …………………………………………………………………………)


ဝက်ကလေး (၁-၁၁-၂၀၁၀)
(အိုင်တီအတွက်ခံစားသည်………..) 
Read More ->>

ကမ္ဘာဦးပုံပြင်

ကမ္ဘာဦးပုံပြင်

ကမ္ဘာဦးမျောက်ကြီးဆိုတာကိုသိလား
 ကြားဖူးလား
 သူနဲ့  ဘုရားသခင်နဲ့  အလောင်းအစားလုပ်တာလေ
 ဘာအလောင်းအစားလဲဆိုတော့
ဘုရားသခင်ကအ၇င်ပြောတယ်


ကမ္ဘာကိုသူဖန်ဆင်းတာတဲ့
မျောက်ကြီးကငှက်ပျောသီးစားနေတယ်
အဲမှာဆက်ပြောတယ်  : နေတွေလတွေကိုလဲငါဖန်ဆင်းတာတဲ့
မျောက်ကြီးကငှက်ပျောသီးစားနေတယ်
အဲဒီမှာဘုရားသခင်ကအပင်တွေကိုသူဖန်ဆင်းတာတဲ့
 အဲဒီမှာမျောက်ကြီးကထ သွားတယ်  ငှက်ပျောသီးကုန်လို့တဲ့



ဖရဲသီးတွေသွားယူလာတယ်
အဲမှာဘူရားသခင်ကထပ်ပြောတယ်
ငါက...ဖန်ဆင်းထားတာ
မျောက်ကြီ=ထသွားတယ်...စားတယ်
ဘုရားသခင်=ပြောတယ်
မျောက်ကြီူး=စားတယ်
အဲလိုနဲ့  ကြာတော့မျောက်ကြီးကနားကြားပျင်းကပ်လာရော
မျောက်ကြီး= မင်းအဲလောက်တောင်မှအကြွားသန်သလား
ဘုရားသခင်= ဘာပုလို့တုန်းကွ
မ= ငါသိသလောက်ကမ္ဘာဆိုတာ အမှုန်တွေကနေဖစ်လာတာကွ
ဘ= (ရယ်ပီး) မင်းရူးနေသလား...  ငါဖန်ဆင်းလို့အကုန်ဖြစ်လာတာ...လောကမှာငါမလုပ်နိုင်တာ မရှိဘူး..............
မ= သေချာရဲ့လား(ဟားဟား)  မင်းဖန်ဆင်းခဲ့လို့အကုန်ဖြစ်လာတာသေချာလား..........
ဘ=သေချာတာပေါ့ကွာ...
မ=မင်းနဲ့ငါလောင်းမလား
မျောက်ကြီးကမေးလိုက်ရော  ဘုရားသခင်က-
ဘ= စိမ်လိုက်လေ..ဘာမေးမှာလဲမျောက်တဲ့
မ=ငါမေးတာကိုဖြေနိုင်ရင်ကမ္ဘာလောကကနေငါထွက်သွားမယ်ပေါ့ မဖြေနှိုင်ခဲ့ရင်တော့......မင်းငါနဲ့ပုံစံတူ“လူ”ဆိုတဲ့သတ္တ၀ါကိုဖန်ဆင်းပေးရမယ်ပေါ့...အဲလူကိုမှနှစ်ယောက်ပေါ့  သူ့လိုအထီးကျန်မဖြစ်ရအောင်စုံတွဲလုပ်ပေးရမယ်ပေါ့ သူတို့ရပိုင်ခွင့်...တွေဘာတွေပေါ့ဟာ  အဲမှာ....  ဘုရားသခင်က နဲနဲတွေသွားတယ်.........

 ရှေးဘုရားအဆက်ဆက်မှာ လူဆိုတာကမကောင်းတဲ့အကောင်တွေ  သူတို့က ပဲဘူရားကိုဒုက္ခပေးနေကျ  သူနဲနဲတော့လန့်သွားတယ်  ဒါပေမယ့်  အလောင်းအစားကလဲမက်တော့  ငါဟာဖန်ဆင်းရှင်ပဲ......ငါဘာမဆိုလုပ်နိုင်ရမယ်......လို့ကြွေးကြော်လိုက်တယ်
စပြီ  ဇာတ်လမ်းက.............
ဘ=မေးစမ်းကွာလို့ပြောတော့
မ=သေချာပီလားတဲ့
ဘ=သေချာတယ်ငမျောက်ပေါ့  အဒါနဲ့သူတို့ဟာ သမုဒ္ဒရာအောက်မှာစာချုပ်တစ်ခုကိုအခိုင်အမာချုပ်ဆိုလိုက်ကြတယ်  ပီးတော့မှ မျောက်ကြီးကစမေးတယ်

ဖန်ဆင်းရှင်....... ပေါ့  အရာရာကိုဖန်ဆင်းနိုင်တာတစ်ကယ်လားပေါ့........

ဘုရားသခင်က တစ်ကယ်ဖန်ဆင်းနိုင်တယ်တဲ့
အဲမှာတင်မျောက်ကြီးက....................မေးလိုက်တယ်  မင်း.................................နိုင်သလားပေါ့.. ဘုရားသခင်ကထပ်ပြန်မေးတယ်  မရှင်းဘူးပေါ့
မျောက်ကြီးကထပ်ပြောတော့ ဘုရားသခင် မျက်လုံးပျူးသွားတယ်  နောက်အရှုံးပေးလိုက်ရတယ်

မျောက်ကြီးမေးတာတစ်ခြားမဟုတ်ဘူး

တစ်ကယ်သာဖန်ဆင်းရှင်မလုပ်နိုင်တာမရှိဘူးဆိုရင်  ဖန်ဆင်းရှင်မ မနိုင်တဲ့ကျောက်တုံးကို ဖန်ဆင်းပေးပါဆိုတာပဲ..........
အဲမှာပဲ ဘုရားသခင်ရှုံးသွားတယ်
ပထမဆုံးအာဒမ်ကို ဖန်ဆင်းပေးလိုက်ရတယ်
ဘုရားသခင်က တစ်နေ့ကိုတစ်မျိုးပဲဖန်ဆင်းတာနော်
အာဒမ်ကိုဖန်ဆင်းပီးရှက်ရှက်နဲ့ပြေးထွက်သွားတာ  တိမ်တွေကိုမမြင်ဘဲတိုက်မိလို့ခေါင်းမှာဘူထသွားသေးသတဲ့ အာဒမ်နဲ့မျောက်ကြီးနဲ့ပဲကျန်တာပေါ့  မျောက်ကြီူးက

အာဒမ်  မင်းမနက်ဖြန်မှာဧ၀နဲ့တွေ့ရမယ်(ဧ၀ကိုဘုရားသခင်ကဖန်ဆင်းပေးမယ်)ထင်သလားပေါ့
အာဒမ် ကလဲ မိန်းမရတော့မယ်ဆိုတော့ပျော်နေတာပေါ့
ထင်တယ်ဆြာမျောက်ပေါ့
မျောက်ကြီးကရယ်တယ်  အဲကောင်ဖန်ဆင်းရှင်က ကတိမတည်တဲ့လူလည်ကွ
မနက်ကျရင်အဲကောင်တစ်ခြားနေရာမှာသွားနေလိမ့်မယ်  မယုံရင်ကြည့်နေ  ဆိုတော့
အာဒမ်ကစောင့်တာပေါ့  ဧ၀ကပေါ်မလာ  ဘုရားသခင်လဲပျောက်

အဲမှာတင် အကြံအဖန်လုပ်ရတော့တာပေါ့
လူမှာအကြံဆိုတာ အဲကစတာ  ဧဒင်ဥယာဉ်ထဲမှာ ပဲ.........
ဘုရားသခင် အနှစ်သက်ဆုံး အရာရှိတယ်  အဲဒါနဲ့အကျပ်ကိုင်တယ်  အဲဒါကဘာလဲသိလား  ဟဲဟဲ  ဂျိုးကြော်နဲ့ဝိုင်အရက်လေ......... အဲးဒါကို ကိုဖိုးရွှေမျောက်က သွားယူလာပီအကျပ်ကိုင်တာပေါ့
အဲမှာတင်ပဲ ဖန်ဆင်းရှင်ကဆင်းလာ၇တော့တာပေါ့
ပီးတော့ပြောတယ်  မင်းတို့ကငါ့ကိုအကျပ်ကိုင်တယ်ပေါ့  အာဒမ်ကလဲပြန်ပြောတယ်............ ဧ၀ကိုမှမဖန်ဆင်းပေးပဲကိုး...နိုင်ရာကိုင်ရတာပေါ့  တဲ့

အဲမှာတင်ဖန်ဆင်းရှင်က = ကျွတ်..စုပ်သပ်လိုက်ပီး  ၀ိုင်ကိုကြည့်လိုက်တော့  အားပါး  ၀ိုင်ကလျော့နေတယ်
သူအကွက်တွေ့သွားတာပေါ့  မျောက်ကြီးကိုခေါ်လိုက်ရော  ပီးတော့
ဘ= မင်းတို့ဘက်က တစ်ခုခု ငါ့ကိုဖောင်းခဲ့ရင် ငါ့ဘက်က အာဒမ်ကိုဥပဒေတစ်ခုထုတ်ခွင့်ပေးရမယ်ပေါ့
အာဒမ်မျက်နှာပျက်သွားတယ်  မျောက်ကြီးကတော့မသိဘူး  လက်ခံလိုက်တယ်  အဲမှာတင်အာဒမ်ရဲ့နံရိုးတစ်ချောင်းကိုထုတ်ပီး ဧ၀ကိုဖန်ဆင်းပေးလိုက်တယ်

ပီးတော့မှ   ၀ိုင်ကိုယူလိုက်တယ်  ပီးတော့ဂျိုးကြော်ပေါ့ ဖန်ဆင်းရှင်က ၀ိုင်ကို မျောက်ကြီးရှေ့မှာပြပီး  ဒီမှာငမျောက် မင်းအကောင်ကင့ါဝိုင်ကိုငါမသိအောင်ခိုးကစ်ထားတယ်ကွ  အဲဒါမင်းတို့ဖောင်းတာပဲကွ  ဟဲဟဲပေါ့  အဲမှာမျောက်ကြီးက အာဒမ်ကိုဟုတ်လားပေါ့  အာဒမ်ကလဲမလိမ်ဘူး“  ဟုတ်တယ်ကစ်လိုက်တယ်ဘာဖစ်လဲပေါ့

အဲမှာမျောက်ကြီးက  ငါကသေတော့မှာကွ...ငါမသေခင်တော့ကတိတည်သွားချင်တယ်ဆိုပီးဖန်ဆင်းရှင်ကိုခွင့်ပေးလိုက်ရော
အဲမှာပဲံ ဖန်ဆင်းရှင်က စဉ်းစားတယ်...... လူဆိုတဲ့ကောင်တွေကကောင်းတာမဟုတ်ဘူး........ငါ့ကိုပြန်ဒုက္ခပေးမှာပဲ...အဲဒီတော့သူတို့ဒုက္ခမပေးနိုင်အောက်မျိုးဆက်ဖြုတ်မယ်ပေါ့ အဲလိုစဉ်းစားပီး  ဧ၀ကို ပြောလိုက်တယ်.......  နင်.........ဥယာဉ်ထဲက ပန်းသီးကိုမစားရဘူး.......ဆိုတော့

အာဒမ်က ...... ကန့်ကွက်ပါတယ်...ဒါကျွန်တော်နဲ့သာဆိုင်တာပါ  ဧ၀နဲ့မဆိုင်ပါဘူးပေါ့........
မျောက်ကြီးကလဲပြောတယ် ဟုတ်တယ.်ပေါ့  အဲမှာတင် ဖန်ဆင်းရှင်က ....
ဒါဆိုလဲအဲဒီပန်းသီးကိုဧ၀မစားရအောင် မင်းမရရအောင်တားရမယ်တဲ့  ပြောလိုက်ရော အဲမှာတင်ပဲ  မျောက်ကြီးက အာဒမ်ကိုမျက်စိမှိတ်ပြလိုက်တယ်
ဖန်ဆင်းရှင်က.........


ဧ၀စားခဲ့လို့ရှိရင် မင်းတို့နှစ်ယောက်စလုံးကို ထာဝရအသက်ကိုမပေးတော့ဘူး အရှက်အကြေုာက်တွေကိုပဲပေးတော့မယ်ဆိုပီးဒဏ်ခတ်လိုက်တယ်   ပီးတော့  ပြန်တက်သွားတယ်

ဖန်ဆင်းရှင်တက်သွားတော့  မိုးချုပ်တာနဲ့သူတို့အိပ်ကြရော  မနက်လဲကျရော  ချစ်သူအသစ်စက်စက်လေးကို အာဒမ်က ဥယျာဉ်ထဲလိုက်ပြတယ်  အဲမှာတင် မစားရဘူးလို့သတ်မှတ်ထားတဲ့ ပန်းသီးပင်  က အရမ်းကိုဝင်းမှဲ့နေတာကိုတွေ့ရတယ် အဲဒါကိုကြည့်ရင်းလမ်းလျှောက်သွားလိုက်တာ  အာဒမ်မှောက်လျှက်လဲသွားတယ်  ဧ၀ ရဲ့ပါးစပ်ကကျတဲ့ သွားရည်နဲ့ချော်လဲတာလေ ကျောက်တုံးပေါ်ကျပီးမေ့မျောသွားရော

အဲမှာတင်ဧ၀လဲထိတ်ထိတ်လန့်လန့်နဲ့  အကူအညီတောင်းဖို့ရှာတော့  အားလား...ပန်းသီးပင်ပေါ်မှာကိုရွှေမျောက်က အခန့်သားထိုင်နေတာ  အဲမှာ  ဧ၀က ဒက်ဒီမျောက်အာဒမ်ကိုပြန်နိုးလာအောင်ဘလိုလုပ်ရမလဲပေါ့  အဲမှာတင် အကွက်ဝင်လာတဲ့မျောက်က.........
ရော့ဒါကိုနင်စားလိုက်ဆိုပီး  ပန်းသီးကိုပစ်ပေးတယ်
ဧ၀က = အာ....... အဲဒါစားရင် ထာဝရအသက်မရဘဲနေမှာပေါ့......ဆိုပီးမစားဘူးလုပ်တာ......

သွားရေကတော့မမြားမြားနဲ့ပေါ့  မျောက်က ...
အဲဒါကိုနင်မစားရင်နင့်လောင်ဖော်ကို ကုလို့မရဘူုး...သူသေမယ်လို့ပြောလိုက်ရော
ဧ၀= စားပီးဘာလုပ်ရမလဲပေါ့  သူ့နှုတ်ခမ်းနဲ့တေ့ပီး kiss လိုက်ပေါ့  တဲ့  အဲမှာတင် ဧ၀ကစားလိုက်ရော  ပီးတော့ကစ်လိုက်ရော အဲမှာအာဒမ်ကလဲနိုးလာရော  အဲ.......

ဒီမှာတင်မျောက်ကြ်ီးကသစ်ပင်ပေါ်ကနေ ပျောက်သွားတယ်  ရှာမရတော့ဘူး  အဲဒါကိုချောင်းနေတဲ့ ဖန်ဆင်းရှင်ကရောက်လာပီး မင်းတို့ဆီကထာဝရအသက်ကိုနှုတ်တယ်ဆိုပီး  သူတို့ဆီကထာဝရအသက်ကိုနှုတ်လိုက်တယ်  ပီးတော့ဗူးထဲထည့်ပီး သမုဒ္ဒရာထဲထည့်လိုက်တယ်

အဲဒီနောက်မှာပဲ အာဒမ်နဲ့ဧ၀က တစ်ယောက်နဲ့တစ်ယောက်ကြည့်လို့မရတော့ဘူး  ရှက်တတ်လာကြတယ်  အဲကနေ သံဝ်ါသပြုတယ် မျိုးဆက်ပွားလာတယ်  ဒီပုံပြင်မှာလျှို့ဝှက်ချက်ရှိတယ်  မျောက်ကြီးဘယ်ရောက်သွားလဲ မျောက်ကြီးကဘာလဲ  သိလား

ဇာတ်ပေါင်းသော် မျောက်ကြီးသည်စေတန် နတ်ဆိုးဖြစ်ပြီး  ပန်းသီးစားဖို့ရန်အတွက် အာဒမ်နှင့်မျောက်ကြီးပေါင်းကြံကြလေသတည်း ........................


ဇာတ်လမ်းပီးပါပီ....


သက်သေပြချက်==၄င်းပါအချက်များအရ ဖန်ဆင်းရှင်နှင့် စေတန်တို့ချုပ်ဆိုသောစာချုပ်မှာပင်လယ်ရေအောက်သမုဒ္ဒရာ                        ကြမ်းပြင်တွင်တစ်ကယ်ရှိပီး ထာဝရအသက် ထည့်ထားသောဗူးမှာလဲ သမုဒ္ဒရာရေပြင်အောက်တွင်အမှန်        တစ်ကယ်ရှိပါသည်။        မယုံကြည်သောသူများ ဘာမြူဒါတြိဂံအောက်တွင်သွားရောက်ယူငင်သက်သေပြုကြပါကုန်..............

ဝက်ကလေး(၂၈-၁၀-၂၀၁၀)

မှတ်ချက်။        ။ မည်သူ့ကိုမှ မည်သို့မျှစော်ကားလိုချင်းအလျဉ်းမပါ...ဗလာဟာသစိတ်ဖြင့်တင်ဆက်ပါသည်...
Read More ->>

အဖြူရောင်မျက်နှာ

အဖြူရောင်မျက်နှာ



အလင်းရောင်တစ်ချက်
ပြက်ကနဲ
တစ်ယောက်ရဲ့ စကားသံ

ကြယ်ကြွေတာ...
ဆုတောင်းကြ....တဲ့

သက်တမ်းကုန်
ဂြိုဟ်သိမ်တစ်လုံးရဲ့ 
ပျက်သုဉ်းခြင်း
ဈာပနမှာ
ကိုယ့်ဆန္ဒပြည့်ဝဖို့

ဆုမတောင်းဘူး...

ဝက်ကလေး (၉-၁-၂၀၁၀)
Read More ->>

ငိုစရာမရှိတဲ့ကောင်းကင်

ငိုစရာမရှိတဲ့ကောင်းကင်

အိုအေစစ်မရှိတဲ့
ကန္တာပြင်ထဲ
အပင်ထောင့်ငါးရာ
ရေသွင်းစိုက်မယ်

ယုံတမ်းလား???

ပုံပြင်လို့မထင်မှတ်ခဲ့
နောင်မှပဲတ, ခဲ့ရတယ်...

အစပျိုးခဲ့ပြီး
အဆုံးမသတ်ခဲ့တော့
ငါ့မျက်ရည်နဲ့
ငါပြန်လောင်းနေရတယ်

နောက်ဆုံးကျန်တဲ့အပင်
ငါ့နှလုံးသွေးနဲ့ရှင်သန်စေခဲ့
မင်းကြီးပြင်းခဲ့ရင်
အကိုင်း ထောင့်ငါးရာပြည့်ပါစေ...

ဝက်ကလေး(၂၆-၁၀-၂၀၁၀)
Read More ->>

အဖေ

အဖေ



အဖေ

အဖေဟာကျွန်တော့်ဘ၀မှာ ကျွန်တော့်ကိုနားလည်မှုအပေးနိုင်ဆုံးသူ

အဖေဟာကျွန်တော်စိတ်ဓါတ်ကျနေချိန်မှာ စိတ်ဓါတ်တက်ကြွလာအောင်အမြဲတမ်းအားပေးစကားပြောတဲ့သူ

အဖေဟာကျွန်တော့်ရဲ့ ကြိုးစားမှုကို တစ်မျိုးမဟုတ်တစ်မျိုး ကြံဖန်ချီးကျူးပြီးအားပေးနေတတ်တဲ့သူ

အဖေဟာကျွန်တော် အမှားလုပ်နေတာကို ပြုပြင်ပေးတဲ့သူ

အဖေဟာကျွန်တော့်ရဲ့ အခက်အခဲတွေကိုတစ်နည်းမဟုတ်တစ်နည်းနဲ့အတတ်နိုင်ဆုံးဖြေရှင်းဖို့နည်းလမ်းတွေပေးတတ်သူ

အဖေဟာကျွန်တော်ငယ်ငယ်တုန်းကသူကိုယ်တိုင်ကလေးတစ်ယောက်လိုပြောဆိုဆက်ဆံခဲ့သူ

အဖေဟာကျွန်တော်အရွယ်ရောက်လာချိန်မှာလဲသူငယ်ချင်းတစ်ယောက်လိုဘာမဆိုပြောဆိုတိုင်ပင်ခွင့်ပေးခဲ့သူ

အဖေဟာကျွန်တော်တို့လူငယ်သဘာဝကို အမြဲတမ်းနားလည်လက်ခံပေးခဲ့သူ

အဖေဟာအိမ်မှာမိသားစုလိုက်တစ်ခုခုလုပ်စားနေရင်အဝေးမှာနေတဲ့ကျွန်တော့်ကိုသတိတရနဲ့ကျွေးမွေးချင်သူ

အဖေဟာအရာရာကိုနားလည်ခွင့်လွှတ်ပေးတတ်သူ

အဖေဟာသားသမီးတွေကိုပြောဆိုဆုံးမရာမှာသူ့အရွယ်နဲ့သူနားလည်အောင်၊နားထောင်အောင်ပြောနိုင်စွမ်းရှိသူ

အဖေဟာကျွန်တော်ဘယ်အချိန်ပြန်လာပြန်လာအမြဲလက်ကမ်းကြိုလင့်နေသူ

အဖေနဲ့ပတ်သတ်လို့ ပြောရရင်ကျွန်တော့်အတွက်တော့ကုန်နိုင်ဖွယ်မရှိပါဘူး…

ထာဝရ အနှိုင်းမဲ့ ကျေးဇူးရှင်


အဖေ



ဤစာပိုဒ်ဖြင့်… အဖေ့ ဂုဏ်ကျေးဇူးအားအောက်မေ့သတိရလျှက်…

မရင့်ကျက်သေးတဲ့

ဝက်ကလေး(၂၂-၁၀-၂၀၁၀)
Read More ->>

နေရာ

နေရာ...




နေရာ...
နေရာဆိုတာဘာလဲ ... ??

အိပ်စရာ၊ နားစရာ၊ နေစရာ....အဲလိုမျိုးနေရာမဟုတ်ဘူး ။
လူတော်... ကြိုးစားတယ်... မာနမရှိဘူး....နေရာတစ်ခုလောက်ပေးကြည့်လိုက်ပါ....။
အဖွဲ့အစည်း... အသင်းအဖွဲ့... စသည်ြ့ဖင့်ပေါ့.... အစုအဝေးတစ်ခုမှာ နေရာတစ်ခုလောက်ပေးကြည့်ပါ... ။ မပြောင်းလဲတဲ့လူ က တစ်ရာမှာ သုံးဆယ်ပြည့်ဖို့
မလွယ်ပါဘူး...တော်တော်ကိုရှားတယ်...

ဘာလို့ပြောင်းလဲသွားသလဲ... အစကတည်းက မပြည့်လို့... မပြည့်တဲ့အိုးဘောင်ဘင်ခတ်တယ်တဲ့...
နောက်တစ်ခု...“ ငါမှငါ” ဆိုတာကြီးကိုပဲစွဲနေလို့...

“ငါမရှိရင်မဖြစ်ဘူး...ငါလုပ်မှရမှာ... ငါမသိတာမရှိဘူး...” ...ဟုတ်ကဲ့... ခင်ဗျားတော်တော်များများလုပ်နိုင်တာကိုအသိအမှတ်ပြုပါတယ်... ဒါပေမယ့် ခင်ဗျား
အဲနေရာကနေခဏလောက်မလုပ်ပဲပစ်ထားကြည့်ပါလား... ငါမလုပ်ရင်မဖြစ်ဘူးဆိုတဲ့အရာက သူများလုပ်လဲအောင်မြင်နေတာကိုတွေ့ရပါလိမ့်မယ်...

တစ်ချို့ ကရှိတယ်ဗျ ။ အစတုန်းကတော့သာမန်ပဲ...သူသူငါငါ... ပေါင်းသင်းတယ်...ဆက်ဆံတယ်... သူများအမြင်တွေကို ထပ်တူခံစားပေးတယ်...အဲ..
ဒါပေမယ့်... သူတို့အတွက် “နေရာ” ဆိုတာလေးတစ်နေရာရလာတဲ့အချိန်မှာ... စပြီးပြောင်းလဲသွားတယ်... “ငါ”စွဲတွေပိုလာတယ်... သူများမြင်သမျှကို
ကိုယ့်အမြင်နဲ့မတူရင် ကန့်လန့်ကြည့်တယ်... နောက်ဆုံးတော့ ... ငါ့သဘောလက်ခံဒီလာ...လက်မခံလာမရောနဲ့ဆိုတဲ့ပုံစံဖြစ်သွားရော...

အကွဲအပြဲဆိုတာ... အဲဒီကစတာပဲ... နေရာဆိုတဲ့နေရာမှာ တွဲပါလာတာက...“လုပ်ပိုင်ခွင့်”
နေရာလေးကလည်းရ... လုပ်ပိုင်ခွင့်လေးကလဲရှိဆိုတော့.... သွားပြီပေါ့... ကိုယ့်အထက်မှာလူရှိတယ်ကိုမထင်တော့တာ... မြောက်ပြီးရင်းမြောက်...

စကားပုံတစ်ခုရှိပါသကော... “အမြင့်ကိုရောက်လေ, လေတိုက်ခံရလေပဲ” တဲ့...
အဲ... အဲဒါတွေမသိဘဲ လေတိုက်မခံနိုင်တော့ အမြင့်ကနေ ပြုတ်ကျ... လာကယ်တဲ့သူကိုလည်းမတူမတန်ထင်... နောက်ဆုံး ကူကယ်ရာမဲ့လို့ ကျန်ခဲ့တာလဲ
သူတို့ပဲ...

အောက်ခြေလွတ်တယ်ဆိုလား....ရှိပါသေးသကော... အောက်ခြေလွတ်ရင်ခွေးကျကျတတ်တယ်တဲ့... ဒါဖြင့် လေယာဉ်ပျံတွေကျရောလို့စကားမကပ်နဲ့...
အခုပြောတာက စကားပုံနဲ့ယှဉ်ပြတာ.... နဂိုကကိုယ်လည်းဒီနေရာကလာတာ... ဒီထက့်နည်းနည်းမြင့်ပါစေတော့ဆိုပြီး ခုံခုပြီးကြိုးနဲ့ဆွဲပေးတာ... အဲဒါကို
အောက်ခြေလွတ်ပြီးခုံကိုကန်ချလို့ကတော့ ဆွဲထားတဲ့ကြိုးကလည်ပင်းစွပ်မိမယ်ဗျ....သတိသာထား....

လူတွေဆိုတာကလည်းခက်သားလားဗျ... သူများလုပ်တော့သာ...ပါးစပ်နဲ့ဝေဖန်တတ်တာ... ကိုယ်တိုင်လုပ်ပါဆိုတော့ အဖြစ်ရှိတာမဟုတ်ဘူး... ပြီးရင်
မကောင်းကပြောသေး... သူများကိုမကဲ့ရဲ့ ခင် ကိုယ့်မျက်ချေးတော့ကိုယ်ပြန်ပြီးမှန်ထဲမှာကြည့်ဦးဗျ... မပြောချင်လို့အေးအေးဆေးဆေးနေတာ... ဒီကောင်
ငအ... လို့ထင်ရင်တော့မှားမယ်ဗျ...

သြော်... ကိုယ့်ကိုယ်ကိုတော့ လည်လှလည်လှနဲ့... ပွဲကတော့ က, နေလိုက်တာ... ဘေးကကြည့်တဲ့လူတွေကပြုံးစိစိကို ကျသတိမထားမိတာတွေရှိသေး...


ဝက်ကလေး(၂၂-၁၀-၂၀၁၀)
Read More ->>

Monday, May 21, 2012

ဘာတွေလဲ???

ဘာတွေလဲ??????



ချစ်ခြင်း... မရှိပါဘူး
မုန်းခြင်း...မရှိပါဘူး
ငိုခြင်း...မရှိပါဘူး
ရယ်ခြင်း...မရှိပါဘူး
မှားခြင်း...မရှိပါဘူး
မှန်ခြင်း...မရှိပါဘူး

ဘယ်သူ့ကိုချစ်တယ်
ဘယ်သူ့ကိုမုန်းတယ်
ဘာအတွက်ငိုတယ်
ဘာအတွက်ရယ်တယ်
ဘာကမှားတယ်
ဘာကမှန်တယ်

ဘယ်သူ့ကိုပြောနေတာလဲ
ဘယ်သူသတ်မှတ်တာလဲ
ဘယ်သူ့အတွက်ခံစားတာလဲ
ဘယ်သူချမှတ်ခဲ့တာလဲ
ဘယ်သူအသိအမှတ်ပြုလဲ

ခံစားမှုတွေချည်းပဲ
ငါလဲခံစားမှုဝါဒီပဲ
ဒါပေမယ့်အစွန်းမရောက်ဘူး

ဆက်လျှောက်မယ့်လမ်းမှာ
.........................
.........................
.........................

ဝက်ကလေး(၂၂-၁၀-၂၀၁၀)
Read More ->>

ငါ...

ငါ......



အသက်၂၄
ရေးခဲ့တဲ့ငါသမိုင်းမှာ
ပြသနာမရှိခဲ့...

ပျော်ရွှင်ခဲ့ပါတယ်
အပေါင်းအသင်းတွေစုံလို့

ငါမထင်ခဲ့ဘူး....
ခုလိုမျိုးအဖြစ်အပျက်တွေ

ငါမှငါ...
ဘုရားဟောမှာပါတယ်...
အချစ်၊အမုန်း
နောက်ဆုံးတော့
သချို င်္င်းကုန်မှာ
ဂိတ်ဆုံးတယ်

အမှားအမှန်...
အထီးကျန်လာရင်သိလာတယ်
အသွားအပြန်
ဂရူစိုက်ကြလေ...

ဘ၀တစ်ကွေ့မှာဆုံခဲ့ကြပေမယ့်
တစ်သက်တာသူငယ်ချင်းဖြစ်ဖို့
ငါဆိုတဲ့အစွဲ
လျော့ဖို့တော့လိုမယ်...

ဝက်ကလေး(၂၂-၁၀-၂၀၁၀)
Read More ->>

ဆန္ဒ



ဆန္ဒ



နံနက်ခင်းရဲ့ 
မျက်လုံးမပွင့်တစ်ပွင့်မှာ
ချစ်ခြင်းအပြည့်နဲ့
စီးမြောလို့ကြည့်ချင်ရဲ့ 

မိုးထိမြင့်ဖို့မလို
တော်ရုံဆိုလုံလောက်ပီ
ငါမြင်ချင်တာ
လူစီးကြောင်းလေ...

ငါဘာတွေးလဲ...???
ငါသိနေတယ်...

ငါဘာလုပ်လဲ...???
ငါသိနေတယ်...

သူတို့ဘာတွေတွေးလဲ...???
ငါသိချင်တယ်...

သူတို့ဘာတွေလုပ်လဲ...???
ငါသိချင်ရဲ့ ...

င့ါရင်ဘတ်ထဲက
စုတ်ချက်တွေ...
သွေးပျက်နေတာရော...
ဘယ်သူသိချင်မလဲ...???

ဝက်ကလေး
Read More ->>

ခေါင်းစဉ်မဲ့

ခေါင်းစဉ်မဲ့






ချစ်စရာအနုပညာ...
ဒီအိမ်မှာရတယ်

ဖတ်စရာဗဟုသုတ
ဒီအိမ်လေးကပေးတယ်

ပျော်ရွှင်စရာရသ
ဒီအိမ်ကရတယ်

ငါမသိတဲ့ကမ္ဘာ
ဒီအိမ်မှာလာကြည့်လို့ရတယ်

ငါမကိုးကွယ်တဲ့ဘာသာ
ဒီအိမ်မှာ ဖော်ပြထားတယ်

လိုနေတဲ့အတွေးတစ်ချို့ 
ဒီအိမ်ကဖြည့်လို့ပေးတယ်...

ငါလိုချင်တဲ့ရသငါးပါး...
ဒီအိမ်မှာထားပေးထားတယ်...
လိုအပ်ရင်ဝင်ယူပါတဲ့...

အခုတော့..............
........................

ပျောက်ကွယ်သွားပေါ...
ငါချစ်တဲ့အိမ်ကလေးတစ်လုံး
မျက်လုံးမှာ...မိုးတောင်ညို့ တယ်
ငါ့ရင်ထဲမိုးကြိုးခွင်းသလို...

ငါမငိုနိုင်ခဲ့ဘူး....
ပြိုလဲသွားခဲ့ပေမယ့်...
သူစ, တည်ထားခဲ့တဲ့
အောက်ခံခုံလေးက
ငါ့နှလုံးသားမှာ
အမြစ်စွဲ....လို့.......

ဝက်ကလေး(၉-၁၀-၂၀၁၀)
(ကိုတာရာမင်းဝေအမှတ်တရ)
Read More ->>

ဒီလိုလေးနေကြည့်ပါလား....

ဒီလိုလေးနေကြည့်ပါလား....





“ဘ၀” ...တဲ့... တစ်ကယ်ကိုတိုတိုလေးမှတိုတိုလေးရယ်...  ဒီတိုတိုလေးထဲမှာမှ အလွန်ဆုံးနေရလှ ၇၀-၈၀ ပေါ့ဗျာ... ဒါတောင်တော်တော်ရှားပါတယ်...
ငယ်ငယ်ရွယ်ရွယ်နဲ့ ... သေကြ...ကြေကြတာများ...အများကြီး... ကျွန်တော်ဆိုအခု လူ့ဘ၀ရဲ့ သက်တမ်း သုံးပုံတစ်ပုံတော့ရှိနေပြီ... ကျန်တဲ့(မသေချာတဲ့)
နှစ်ပုံမှာဘယ်လိုရှေ့ဆက်မလဲ... တစ်ခုလောက်တော့ပြောချင်တယ်ဗျာ...

စိတ်နဲ့ပတ်သတ်ပြီးတော့ပေါ့... ဘယ်လိုနေကြမလဲ...ဘယ်လိုထားကြမလဲ...
အကောင်းဆုံးကတော့
၁။   စိတ်ကို (တတ်နိုင်သမျှ) ရှင်းရှင်းထားပါ...
၂။   လူ့ဘ၀ တိုတိုလေးမှာ ပျော်ပျော်နေပါ... စိတ်ညစ်စရာတွေကို (အတတ်နိုင်ဆုံး) မတွေးပါနဲ့...
၃။   အကောင်းမြင်စိတ်ထားပါ။  မုဒိတာပွားပါ... ပိုငြိမ်းချမ်းပါတယ်...
၎။   မေတ္တာထားပါ။

စိတ်ကိုတတ်နိုင်သမျှရှင်းရှင်းထားပါဆိုတော့... ဘယ်လိုလုပ်ထားနိုင်မလဲဗျာ... အလုပ်မှာကတစ်နေကုန် ဟိုကိစ္စ၊သည်ကိစ္စနဲ့ရှုပ်နေတာ... စာရင်းဇယားက
တစ်မျိုး...ဟိုဟာကတစ်မျိုး...သည်ဟာကတစ်မျိုးနဲ့... အိမ်ရောက်တာတောင်မှအလုပ်ကမပြတ်လို့ဆက်လုပ်နေရသေးတယ်...
ဘယ်လိုဘယ်လို... စိတ်ကိုရှင်းရှင်းထားရမယ်...ဟုတ်လား... အမလေးတော်... မနက်မိုးလင်းကတည်းက ၀င်လိုက်ရတဲ့မီးဖိုချောင်... ယောကျာ်းဖြစ်တဲ့သူ
ကပေးတဲ့ပိုက်ဆံလေးနဲ့...ဒီလူအုပ်ကြီးကိုကျေွ့းဖို့မွေးဖို့စီမံရတာ...ဘယ်လောက်ခေါင်းခဲတယ်မှတ်လဲ...မထားနိုင်ပါဘူး...အမြဲတွေးပြီးစိစစ်နေမှတော်ကာကျ
တာ...
စိတ်ကိုရှင်းရှင်းထားဖို့နေနေသာသာ... စာကြည့်စားပွဲက စာအုပ်တောင်ရှင်းဖို့အချိန်မရဘူး... ကျောင်းပီးရင်ကျူရှင်၊ ကျူရှင်ပီးရင်ဘာသင်တန်း၊ ညာသင်တန်းနဲ့... အဲဒါတွေပဲခေါင်းထဲထည့်နေရတော့ ဘယ်လိုလုပ် ရှင်းရှင်းထားနိုင်မှာတုန်းဗျာ...

@@ ဟုတ်ပါတယ်... နိစ္စဒူဝကိစ္စတွေများတော့လဲ...ဘယ်လိုလုပ်ပြီး စိတ်ကိုရှင်းအောင်ထားနိုင်မှာလဲ... ဒါပေမယ့်ကျွန်တော်ဆိုလိုချင်တာက... အတတ်နိုင်
        ဆုံးလို့ပြောတာပါ... အမြဲတမ်းကြီးတွေးနေမယ့်အစား... ခဏလောက်ဖြစ်ဖြစ်စိတ်ကို ပေါ့ပေါ့ပါးပါးနဲ့ရှင်းရှင်းလေးထားကြည့်ပါလားဗျာ...ဘာမှကိုမ
        တွေးပဲနဲ့ပေါ့... အရမ်းနေလို့ကောင်းပါတယ်... ကျန်းမာရေးအတွက် အထောက်အကူတစ်ခုခုမှာပါ...ိတ်ထဲမှာဘာမှမတွေးပဲ(စိတ်ညစ်စရာရော၊       
        ကြည်နူးစရာရော) ဗလာဟင်းလင်းထားကြည့်... တစ်ကယ်နေလို့ကောင်းတယ်... စမ်းကြည့်ပါ... တစ်ခုခုတော့ထူးခြားလာမှာပါ...

@@ စိတ်ညစ်စရာချည်းကြုံနေရတဲ့လူကို ပျော်ပျော်နေဖို့ သွားပြောရင်ထ အရိုက်ခံရမှာတော့သေချာတယ်... ကျွန်တော်လဲခဏခဏစိတ်ညစ်စရာ ကြုံခဲ့တာ
        ပဲ... ဒါပေမယ့်ဗျာ...ကျနော်ကစိတ်ညစ်စရာကို နေရာခွဲပြီးထားတယ်... အလုပ်ကစိတ်ညစ်စရာကို အလုပ်မှာပဲထားတယ်... အလုပ်ချိန်ပြီးရင်ဘယ်
        တော့မှပြန်မတွေးဘူး... နောက်ရက်အလုပ်ထဲရောက်မှပြန်စဉ်းစားတယ်... (သေရေးရှင်ရေးအရေးကြီးတာကလွဲလို့ပေါ့ဗျာ)... အရေးကြီးလို့ဆုံးဖြတ်ရ
        ခက်နေရင်လဲ စိတ်ကိုအနားပေးလိုက်တာက ပိုမိုကောင်းမွန်တဲ့အကြံဥာဏ်တွေရရှိစေပါတယ်...

@@ အကောင်းမြင်ဖို့ကတော့...ပြောရတာလွယ်ပါတယ်... တစ်ကယ်မြင်ကြည့်ဖို့ကလဲလွယ်ပါတယ်...အရာရာကိုအကောင်းဘက်ကရှုမြင်တာဟာ မိမိကိုယ်
        ကိုယ်မိမိအကောင်းမြင်တတ်တဲ့လူတစ်ယောက်ဖြစ် စေပါတယ်...မုဒိတာပွားပါ... လူဆိုတာကိုယ့်ကံနဲ့ကိုယ်လာကြတဲ့သူတွေချည်းပါပဲ... သူများချမ်း
        သာတာ၊ အဆင်ပြေတာကို မကောင်းတဲ့စိတ်ထားနေလို့၊ မနာလိုဖြစ်နေလို့ ကိုယ့်အတွက်ဘာမှမထူးလာပါဘူး... သူ့အတွက် မုဒိတာပွားပေးလိုက်ပါ...
        သြော်...သူတို့အဆင်ပြေနေကြတာပဲ... သူတို့အဆင်ပြေနေတာကိုကြည့်ရတာစိတ်ချမ်းသာလိုက်တာ...အစရှိသဖြင့်ပေါ့... အဲလိုမုဒိတာပွားပေးခြင်း
        အားဖြင့် သူတို့ဆီကအပျော်တွေပါ ကိုယ့်ဆီကူးစက်လာပါတယ်... ကိုယ်ပါအလိုလိုနေရင်းပျော်ရွှင်လာတာကိုခံစားရမှာပါ...

@@ မေတ္တာတော့ဘယ်ထားလို့ရမလဲ...ယောကျာ်းချင်းကြီ၊ သူ့မှာကမိန်းမကြီးနဲ့... အဲ..အဲ... အဲဒီသရုပ်ဆောင်ဦးမေတ္တာကိုခေါ်ထားခိုင်းတာမဟုတ်ဘူးဗျ။။။
        လူလူချင်းမေတ္တာထားဖို့ကိုပြောတာပါ...မေတ္တာတရားကအေးချမ်းပါတယ်... စိတ်ကို အေးချမ်းအောင်ပြုလုပ်ပေးနိုင်တာလဲ ...ဒီမေတ္တာတရားပါပဲ......
        မေတ္တာထားခြင်းအားဖြင့်... စိတ်နှလုံးအေးချမ်းစေပါတယ်၊ ဘေးအန္တရာယ်ကင်းစေပါတယ်... ခရီးသွားကာနီးရင် ကိုယ်သွားမယ့်ခရီးလမ်းမှာရှိတဲ့...လူ၊
       နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအားလုံးကိုမေတ္တာပို့ပါ...ကိုယ်နဲ့အတူသွားရမယ့်လူတွေကိုမေတ္တာပို့ပါ... ခရီးလမ်းမှာ အန္တရာယ်ကင်းရှင်းပြီး ဖြောင့်ဖြူးချောမွေ့နေ
       မှာတော့အမှန်ပါပဲ... အလုပ်ရှင်ကိုလဲမေတ္တာပို့ပါ... ကိုယ်နဲ့ပတ်သတ်ရမယ့်လူတွေကိုလဲ စိတ်နဲ့မှန်းပြီးမေတ္တာပို့ပါ...တစ်ကယ်ထူးခြားလာမှာပါ...


ဝက်ကလေး
Read More ->>