Thursday, August 16, 2012

နေ့ကိုသောက်တဲ့ည

















* တောက်ပမှုအောက်
ကောက်ကောက်လိုက်ခဲ့
ကျန်ခဲ့တဲ့ခြေရာတွေငါမကောက်တော့
နောက်မှပဲတောင်းပန်မယ်...။

* ညစဉ်ခြောက်လှန့်တဲ့
သွေးပျက်ဖွယ်ဂီတဆိုး
ငှက်ဆိုးရဲ့ ပါးစပ်တွေတောင်
ဆွံ့အခဲ့...။

* အားလုံးအမှောင်အတိ
ညကတော့... လင်းနေဆဲ
ကျေးဇူးပဲလမင်းရယ်...
မင်းပေးခဲ့တဲ့
မြိုချစရာအလင်းတွေ
ရင်ထဲမှာပြည့်နှက်
ညရီတရောမှာ
ပျော်မွေ့စရာတွေနဲ့...။

ဝက်ကလေး (4-8-2006)
ဒါလည်းကျောင်းမှာရေးခဲ့တဲ့ကဗျာလေးပါ...
Read More ->>

အသိ






* သူတို့ပြောတဲ့စကားလုံးတွေနဲ့

ငါ့နားထဲမှုတ်သွင်းလိုက်ကြ

သံချွန်ပေါ်အကျ

“ဖောင်း”   ကနဲ...


* ရေလှိုင်းနဲ့မမျောချင်ဘူး

နေကိုလှော်ဖို့ကြိုးစား 

အဓိပ္ပါယ်မဲ့

ကြွေခဲ့တဲ့ပန်းတစ်ပွင့် 

လေအတိုက်မှာလွင့်ခဲ့တယ်...


* ယူဆောင်ခဲ့တဲ့

မျှော်လင့်ခြင်းရဲ့ နောက်ကွယ်မှာ

ဥပေက္ခာအချို့ နဲ့ပေါ့...


* ငါစိုက်ခဲ့တဲ့အပင်

အသီးသီးခဲ့ချိန်မှာ

ငါဟာ...

ရင့်ကျက်မှုတွေနဲ့...  



ဝက်ကလေး (29-6-2006)

ဝက်ကလေးကျောင်းတက်တုန်းကရေးခဲ့တဲ့ကဗျာတစ်ပုဒ်ပါ... 
Read More ->>