Thursday, August 16, 2012

အသိ






* သူတို့ပြောတဲ့စကားလုံးတွေနဲ့

ငါ့နားထဲမှုတ်သွင်းလိုက်ကြ

သံချွန်ပေါ်အကျ

“ဖောင်း”   ကနဲ...


* ရေလှိုင်းနဲ့မမျောချင်ဘူး

နေကိုလှော်ဖို့ကြိုးစား 

အဓိပ္ပါယ်မဲ့

ကြွေခဲ့တဲ့ပန်းတစ်ပွင့် 

လေအတိုက်မှာလွင့်ခဲ့တယ်...


* ယူဆောင်ခဲ့တဲ့

မျှော်လင့်ခြင်းရဲ့ နောက်ကွယ်မှာ

ဥပေက္ခာအချို့ နဲ့ပေါ့...


* ငါစိုက်ခဲ့တဲ့အပင်

အသီးသီးခဲ့ချိန်မှာ

ငါဟာ...

ရင့်ကျက်မှုတွေနဲ့...  



ဝက်ကလေး (29-6-2006)

ဝက်ကလေးကျောင်းတက်တုန်းကရေးခဲ့တဲ့ကဗျာတစ်ပုဒ်ပါ... 

0 comments:

Post a Comment