သင်္ကေတတစ်ခု
ဟုတ်တယ်... သင်္ကေတတစ်ခု...
ဟိုးအရင်ကတည်းကရှိခဲ့တဲ့ အသံမဲ့ ဘာသာစကားတစ်ခု...
အဲဒီဘာသာစကားကို အရမ်းနှစ်သက်ခဲ့တယ်...
အပြုံး... ဟုတ်တယ်... အပြုံး...
ငယ်ငယ်လေးကတည်းကပြုံးခဲ့တာ... ကြီးတော့လည်း ပြုံးနေတုန်းပဲ... အမေကတော့ပြောတယ်... နင့်ကိုငယ်ငယ်တုန်းက အိမ်နီးနားချင်းတွေက ပြုံးမောငမောင် လို့တောင်ခေါ်ခဲ့တာတဲ့... (ခုတော့ ၀က်ပေါက်ဖြစ်နေပီ... :D)
ပြုံးရတာ ဘာမှပင်ပန်းမှုမရှိပါဘူး... (ပင်ပန်းမှုရှိတဲ့အခါလည်းရှိခဲ့တာပေါ့) စိတ်ပျော်ရွှင်နေတဲ့အခါလည်းပြုံးတယ်... စိတ်ညစ် နေရင်တောင်မှ ဒါကြောင့်စိတ်ညစ်ရတာပါလားဆိုတွေးပြီး ပြုံးခဲ့မိသေးတယ်... ပြုံးရတာ မခက်ခဲပါဘူး... ဒါပေမယ့် ပြုံးပြဖို့ကိုတော့ ၀န်လေးကြတဲ့လူတွေရှိတယ်... မသိတဲ့လူအချင်းချင်းတွေ့ရင် ပထမဆုံးရင်းနှီးမှုရရှိစေတာက “ အပြုံး” တစ်ခု ပါ... ပြုံးပြတဲ့လူတစ်ယောက်ကို ပြန်မဲ့ပြတဲ့လူတွေလဲရှိသေးရဲ့ ... ခင်သည်ဖြစ်စေ... မခင်သည်ဖြစ်စေ... ဒီလူတစ်ယောက်ကို ကိုယ်ကြိုက် သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ... သူပြုံးပြတဲ့အခါ ကိုယ်ပြန်ပြုံး ပြလိုက်တာဟာ... တစ်ဖက်လူကို မေတ္တာထားတယ်...လို့ အသိအ မှတ်ပြုပေးလိုက်တာပါ...
ပြုံးတာနဲ့ မဲ့တာ(မျက်နှာကြီးစူပုတ်နေတာ) ဘယ်ဟာကြည့်လို့ကောင်းမလဲ... အလှဓါတ်ပုံရိုက်ရင် မျက်နှာကြီးစူပုတ်ပြီး ရိုက်တာ ဘယ် တုန်းကများတွေ့ဖူးလို့လဲ... အခုနောက်ထွက်တဲ့ ကင်မရာတစ်ချို့ မှာ ပြုံးပြမှ ရိုက်လို့ရတဲ့ နည်းပညာတောင်ပါသေးတယ်ဆိုပဲ... အပြုံးတစ်ခုကိုတန်ဖိုးထားပါ...
အပြုံးတစ်ခုဟာလူတစ်ယောက်ရဲ့ ပေါင်းသင်းဆက်ဆံရေးကိုအများကြီးအထောက်အကူပြုပါတယ်... ပြုံးခြင်းအားဖြင့် မျက်နှာရဲ့ အကြောတွေပြေလျော့ပြီး ပိုအရွယ်တင်စေတယ်လို့လဲဖတ်ဖူးတယ်... (မချိပြုံး လိုမျိုး မဲ့တာလိုလို ပြုံးတာလိုလိုမျိုး မဖြစ်ဖို့တော့လိုတာ ပေါ့)...
ပြုံးပါ...
စိတ်ပါလက်ပါပြုံးပါ...
နှစ်နှစ်ခြိုက်ခြိုက်ပြုံးပါ...
ပေါ့ပေါ့ပါးပါ့းပြုံးပါ...
အပြုံးတစ်ခုနဲ့ တင်သင့်လူမှုဆက်ဆံရေး နဲ့ လုပ်ငန်းခွင်နယ်ပယ်များ အကျိုးများစွာဖြစ်ထွန်းနိုင်ပါတယ်...
မရင့်ကျက်သေးတဲ့
ဝက်ကလေး(၁၃-၅-၂၀၁၁)

0 comments:
Post a Comment