Saturday, October 6, 2012

သားကောင်းတို့ရဲ့ မိခင်မြေ (Mother Land) သို့အမှတ်တရ


အမေရေ... 


ဒီအချိန်ဆို ချယ်ရီတွေပွင့်လို့ ... အမေ့သားတွေမွေးထုတ်ဖို့  အဆင်သင့်ဖြစ်နေရောပေါ့...ဘာလိုလိုနဲ့ ၄၉ ယောက်မြောက်အမေ့သားတွေ တောင် အမေ့ရင်ခွင်နဲ့ဝေး... လို့ သားတို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ခဲ့တာ ဒီနှစ်ကုန်ရင် ၆နှစ်တင်းတင်းပြည့်ပြီအမေ... အမေပေးလိုက်တဲ့အသိပညာနဲ့  အတွေ့အကြုံပေါင်းစပ်ခုတော့... သား... ရင့်ကျက်သင့်သလောက် ရင့်ကျက်ခဲ့ပြီအမေ... အမေ မွေးထုတ်လိုက်တဲ့ သားတွေအတွက် အမေ့မှာဂုဏ်ယူစရာတွေနဲ့ ပြည့်နေသလို ၀မ်းနည်းစရာ သတင်းတွေလဲ အမေကြားမှာပါ... အမေ့စကားကိုနားထောင်၊ အမေပေးတဲ့ပညာနဲ့သားတို့ တိုင်းပြည်ကို ကာကွယ်ပေးနေပါတယ်အမေ... ဒါပေမယ့် တစ်ချို့ကပြောကြတယ်အမေ...ကျည်ဆံ တစ်တောင့်က ထမင်းတစ်နပ်တန်ဖိုးရှိတယ်တဲ့... အဲဒီလိုဖြုန်းတီးမှုတွေမဖြစ်အောင်စစ်ပွဲတွေရပ်ပါတဲ့... မေးကြည့်ပါ အမေ... ငြိမ်းချမ်းရေးအရသာကို စစ်သားတွေလောက် မက်မောတဲ့လူရှိပါဦးမလား...သူတို့က အေးအေးချမ်းချမ်းတောင်းဆိုကြရတာပါ... သူတို့အေးချမ်းဖို့အတွက်သားတို့က ထမင်းတစ်နပ်စာ ကျည်ဆံနဲ့ရင်းပြီးတောင်းဆိုနေရတာပါ သူတို့ပြောတဲ့ထမင်းတစ်နပ်စာလေးကြောင့် အသက်နဲ့ခန္ဓာ စွန့်လွှတ်ခဲ့ရတဲ့ သားတို့ရဲ့ ရဲဘော်ရဲဘက်တွေမှအများကြီးပါအမေ... ဒါတွေကိုသူ  တို့သိနိုင်ပါ့မလား... ငယ်ငယ်တုန်းကလို (၁) အသင့်ပြင် (၂) ကျည်ဆံထည့် (၃) မောင်းချိန် (၄) ၀ပ် (၅) ပစ်နိုင်ပြီ ဆိုပြီး ကျွန်တော်တို့ ကစားနေတာ မဟုတ်ပါဘူး အမေ... တစ်ချို့ ကပြောတယ်... ကျွန်တော်တို့က ထိုးစစ်ဆင် နေတာတဲ့... တစ်ကယ်တော့ ကျွန်တော်တို့လာတာ ရိက္ခာပို့ဖို့ပါ... ကြားထဲက မိုင်းဆွဲ၊ တိုက်ပွဲ ရှည်အောင် လုပ်နေတာက သူတို့တွေရယ်ပါ... သားမှာလဲ အသက်နဲ့ပါအမေ... သေနတ်နဲ့ ပစ်တာဟာ ပန်းနဲ့ပေါက်တာ မဟုတ်သလို မိုင်းဆွဲတာဟာ ပူပေါင်းဖောက်တာ မဟုတ်တဲ့အတွက် ငြိမ်ခံနေလို့တော့ မဖြစ်ဘူးအမေ... အမေ့သားတွေရဲ့  သတ္တိကိုအမေသိမှာပါ... တိုင်းပြည်အတွက် သားတို့အသက်တွေ သေချင်သေပါစေ အမေ သားတို့ဂရုမစိုက်ပါဘူး... ဒါပေမယ့် အဖျက်သမားတွေသတ်တိုင်းတော့  သားတို့ငြိမ်မခံနိုင်ဘူး အမေ... စိတ်ချပါအမေ... သားတို့မတရားမလုပ်ပါဘူး... မတရားလုပ်ရင်လဲ ငြိမ်ခံ မနေပါဘူး အမေ့သားတွေထဲက စုန်းပြူးတစ်ချို့ကြောင့် အမေ ရင်နာခဲ့ရပေမယ့် သားတို့အတွက်နဲ့ အမေဂုဏ်တက် စေရမယ်အမေ... နောက်ပြီး တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့သားကောင်းရတနာတွေကို ဆက်ပြီး မွေးထုတ်ပေးနိုင်ပါစေ လို့လဲ... သား ဆန္ဒပြုပါတယ်အမေ...



(၄၉) ယောက်မြောက်သားတစ်ယောက်

ဝက်ကလေး (6-10-2012) 

0 comments:

Post a Comment