ဆေးအနက်သုတ်ထားတဲ့
ပန်းချီကားတစ်ချပ်
အဖြူရောင်အစက်ကလေးတွေ
တစ်လက်လက်ထ, လို့...
မျက်ဝန်းလေးခု
ညတိုင်းသူ့ကို (ပန်းချီကားကို) ကြည့်တယ်
မမြင်နိုင်တဲ့ပန်းချီကားရဲ့ တစ်နေရာမှာ
သူတို့အလင်းတွေဆုံကြတယ် ...
နှလုံးသားတို့...
လှုပ်ရှားနေဆဲ...
ကောင်းကင်ပြာရဲ့ အောက်မှာ
လှုပ်ရှားနေရပေမယ့်
ညရဲ့ ရောင်စဉ်တစ်ချက်တော့
ငါ... သတိရဆဲ...
ရှည်လျားတဲ့နာရီလက်တံ
တစ်ခါရွေ့ တိုင်း
ငါ့ခြေလှမ်းတွေ မင်းဆီ
ဦးတည်လာချင်တယ်
ဒါပေမယ့်...
ကြယ်လေးတွေရယ်...
မင်းတို့ဆီကစကားသံတွေ
ငါ့နှလုံးသားနဲ့ဖလှယ်
သူ့စကားသံတွေ ငါနားထောင်တယ်
ငါလဲ...
ညတိုင်းကြယ်တွေကြည့်ပြီးမှ
အိပ်တတ်တော့တယ်...
ဒီကဗျာလေးကို (20.10.2006) တုန်းက ကျွန်တော်ရေးခဲ့တာပါ...
ကျွန်တော်ကဗျာတွေစရေးတဲ့အချိန်လောက်ပေါ့...
အဲဒီအချိန်တုန်းက စာအသွားအပြန်နဲ့အတူခင်မင်ခဲ့ကြရတဲ့သူငယ်ချင်းတွေကိုခုထိ ကျွန်တော်သတိရနေဆဲ၊
ခင်နေဆဲပါ။
ပျော်ရွှင်ပါစေ
ဝက်ကလေး(7-8-2012)
0 comments:
Post a Comment